တောင်ကြီးတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, August 3, 2020

တောင်ကြီးတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်များ၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၃ ရက်)တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျက် ရှိသည်။
.

မြို့တော်တောင်ကြီးအား ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြောဆိုထားသော်လည်း မိုး သည်းထန်စွာ ရွာသွန်းသည့် အချိန်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း သိရသည်။
.
ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၄၇၀၀ ကျော်တွင် တည်ရှိသည့် တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက် ၂၂ ခု ရှိသည့်အနက် မြို့လယ်ရှိ မြို့မရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ ပြည်တော်သာ ရပ်ကွက်တို့ အပြင် အနိမ့်ပိုင်းရှိ ညောင်ဖြူစခန်းရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက်၊ ချမ်းမြသာစည် ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About