မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊
နယ်မြေ (၁၁)တွင် နေထိုင်သည့် အိမ်ထောင်စု အချို့အား ရပ်ကွက် အုပ်ချုပ်ရေးမှူး
ရုံးမှ ထောက်ခံစာ ပြုလုပ်ပေးခြင်း မရှိ သဖြင့် လျှပ်စစ်မီတာ လျှောက် ထား ရန်အတွက်
အခက်အခဲများ ဖြစ်ပေါ် နေရကြောင်း သိရသည်။
.
.
“ကျွန်မတို့
ဝယ်တုန်းက မြေအ ရောင်းအဝယ် စာချုပ်မှာ စဝ်စံထွန်း၊ နယ်မြေ (၁)ဆိုပြီး ချုပ်ခဲ့တယ်။
နေ အိမ် ဆောက်ပြီး လူနေမှ ဘုရားဖြူ ရပ်ကွက်၊ နယ်မြေ (၁၁) ဆိုတာ သိရ တယ်။ သိသိချင်း
ဘုရားဖြူရပ်ကွက် မှာ အရောင်း အဝယ်စာချုပ် ပြန်ချုပ် မယ်လို့ ပြောတော့လည်း သူတို့က
လက်မခံဘူး။ အခု လျှပ်စစ် မီတာ လျှောက်ဖို့ ရပ်ကွက် ထောက်ခံစာ သွားတောင်းတော့
မြေပိုင်ဆိုင်မှု အ ရှုပ်အရှင်း ဖြစ်နေလို့ ထောက်ခံစာ မလုပ်ပေးဘူးလို့ ပြောတယ်။
ကျွန်မ တို့မြေကွက်က အရှုပ်အရှင်းမရှိပါ ဘူး။ လျှပ်စစ်မီး မရှိတော့ စားသောက်
ချက်ပြုတ်ရေးက အစ ကလေးတွေ စာကြည့်ဖို့နဲ့ ညဘက် သွားရေးလာ ရေး အဆင်မပြေပါဘူး”ဟု
ဘုရားဖြူ ရပ်ကွက်၊ နယ်မြေ (၁၁)နေ မမာလာ ခင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးမှ ထောက်ခံစာ
မထုတ်ပေးသည့် အတွက် မီတာဘောက် လျှောက် ထား ရန် အခက်အခဲဖြစ်ပေါ် နေသူ ၃၀ ဦး ခန့်
ရှိနေပြီး မီတာဘောက် ရရှိထား သူ အချို့မှာလည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးမှ
လျှပ်စစ်မီး သွယ်တန်းခွင့် မပြုသဖြင့် အခက်အခဲများ ဖြစ်ပေါ် နေရကြောင်း သိရသည်။
.
“အခု
မီတာဘောက်ကျလို့ အိမ် ရှေ့က မီးတိုင်ကနေ ကြိုးသွယ်မယ် ဆိုတော့ ကိုယ်ထူကိုယ်ထ
လုပ်ထား တဲ့ မီးတိုင်တွေ ဖြစ်လို့ဆိုပြီး ဘုရားဖြူ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက
ပေးမသွယ်ဘူး။ အလှူငွေ ကျသလောက် ထည့်ပေး မယ်ဆိုတာလည်း မရဘူး။ မြေအရှုပ်အရှင်း
ရှိတာလည်းမဟုတ်ဘူး။ နောက်ပြီး ကိုယ်နေတဲ့ရပ်ကွက်က စဝ်စံထွန်းလား၊ ဘုရားဖြူလား
ဆိုတာ ကွဲကွဲပြားပြား မသိရဘူး။ အဲဒီ ကိစ္စတွေကို သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့
အမြန်ဆုံး ကွင်းဆင်း စစ်ဆေးပြီး ဖြေရှင်း ပေးစေချင်ပါ တယ်။ နိုင်ငံသား အခွင့်အရေး
ဆုံးရှုံး ရတဲ့အပြင် တရားမျှတမှု မရှိဘဲ နစ်နာ နေရပါတယ်”ဟု မီတာဘောက် ရရှိ ပြီး
လျှပ်စစ်မီး သွယ်တန်းခွင့် မရသူ ဦးသန်းထွန်းကလည်း ပြောဆိုခဲ့ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးခွန်ညွန့်မောင် အား
ဆက်သွယ် မေးမြန်းရာတွင် “မြေကွက် တစ်ကွက်ထဲကို ပိုင်ရှင် ၂ ဦး ဖြစ်နေတာတွေ
ရှိတယ်။ ရပ်ကွက် ရုံးမှာ ထောက်ခံစာ လာယူရင် မလုပ် ပေးဘူးဆိုတာ မရှိပါဘူး။ ဘာ ပြဿ နာမှ
မရှိရင် ထောက်ခံစာ လုပ်ပေး ပါတယ်။ သူတို့ကို သေချာကွင်း ဆင်း စစ်ဆေးပြီးမှ
မီတာဘောက် လျှောက်ဖို့ လိုအပ်တဲ့ ထောက်ခံစာ လုပ်ပေးမယ်လို့ အသိ ပေးထားပါ
တယ်"ဟု ပြန်လည် ဖြေ ကြားခဲ့သည်။
.
ယင်းကဲ့သို့ လျှပ်စစ်မီး ရရှိရေး အတွက်
အခက်အခဲဖြစ်ပေါ်နေသည့် ဘုရားဖြူ ရပ်ကွက်၊ နယ်မြေ (၁၁) အတွင်းရှိ နေအိမ်များမှာ
မြေကွက် ဝယ်ယူစဉ်က စဝ်စံထွန်းရပ်ကွက်၊ နယ်မြေ(၁) ရာအိမ်မှူးနှင့် မြေကွက်
အရောင်းအဝယ် စာချုပ် ချုပ်ဆိုခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
.