မင်းမင်း
.
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် လာမည့် နိုဝင်ဘာလ
၈ ရက်၌ ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၂ ခု၌
ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ယင်းပါတီက ယနေ့ (ဩဂုတ်လ ၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်း၌ အမျိုးသားလွှတ်တော် အတွက်
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)နှင့် အမှတ်(၄)တွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်အတွက်
တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်
လွှတ်တော်အတွက် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁)နှင့် (၂)၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်
အမှတ်(၁)နှင့် (၂)တို့တွင် ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီသည် တစ်နိုင်ငံလုံး အတိုင်းတာဖြင့်
အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၂၈ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၇၆ နေရာ၊
တိုင်းဒေကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ် ၁၃၂ နေရာ၊ တိုင်းရင်းသား ကိုယ်စားလှယ်(ဝန်ကြီး)
အတွက် မဲဆန္ဒနယ် ၃ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၂၃၉ နေရာတွင် ပါဝင် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်
ဖြစ်ကြောင်း သိရသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့ရှေ့ဆောင်ပါတီအား
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် ပါတီ မှတ်ပုံတင်အမှတ် (၁၂၂)ဖြင့် နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။