အောင်ပန်းတွင် ဖဲရိုက်နေသူများအား ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ဖဲရိုက်နေသူများအား ဖမ်းဆီး


ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် သြဂုတ်လ ၃၀ ရက်က ဖဲရိုက် လောင်းကစား ပြုလုပ်နေသူ ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.

အောင်ပန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ အေးမြင့်သာယာရပ်၊ နယ်မြေ(၁)၊ ပိတောက်လမ်းရှိ နေအိမ်တစ်လုံးတွင် ဖဲရိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး၏  ရှာဖွေဝရမ်းဖြင့် သက်သေများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာမှ လောင်းကစားငွေကျပ် ၄၈၀၀၀ အပါအဝင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လောင်းကစား ပြုလုပ်နေသည့် အိမ်ပိုင်ရှင် အမျိုးသမီး အပါအဝင် ၇ ဦးတို့ကို အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၅၅/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

Journal Download

Photo of three cats