စုလှိုင်
.
တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်၊ နယ်မြေ (၁၃) ရှိ
ပုလဲလမ်း (မီးရထားလမ်း)တွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး ဒေသခံများ သွားလာ ရေး
ခက်ခဲနေသဖြင့် ပြုပြင်ပေးစေလို သည်ဟု ဒေသခံများထံက သိရသည်။
.
.
“မိုးရွာပြီဆိုရင်
ချိုင့်ခွက်တွေက ရေပြည့်နေတယ်။ ဆိုင်ကယ်မောင်း လာရင်ခဏခဏ လဲတယ်၊ မှောက် တယ်။
အရင်တစ်လောက လက်ကျိုး တဲ့အထိ ဖြစ်သွားတယ်။ အခုတော့ ရပ်ကွက်က စုပေါင်းပြီး ကွန်ကရစ်
တွေ ဖြည့်ထားပါတယ်။ အများပြည် သူ အသုံးများတဲ့ လမ်းဆိုတော့ ကောင်းကောင်းလေး
ဖြစ်စေချင်ပါ တယ်”ဟု ရေအေးကွင်းရပ်ကွက်နေ ဒေသခံပြည်သူ တစ်ဦးက ကမ္ဘောဇ တိုင်းသို့
ပြောသည်။
ယင်း ပုလဲလမ်းမှာ ယခင်က မီး ရထားလမ်း အဖြစ်
အသုံးပြုခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် မီးရထား သွား လာမှု မရှိတော့သဖြင့်
အများပြည်သူ သွားလာမှု အဆင်ပြေစေရေးအတွက် ပြင်ဆင်ပေးစေလိုခြင်း ဖြစ်ကြောင်း
ဒေသခံများထံက သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ
ရေးဌာနမှ အမှုဆောင်အရာရှိ ဦး နေလင်းအား ကမ္ဘောဇတိုင်းမှ ဆက် သွယ် မေးမြန်းရာတွင်
“မီးရထား နယ်မြေဆိုတော့ စည်ပင်က သွားလုပ် လို့ မရဘူး။ မီးရထားက စွန့်လွှတ်
တယ်ဆိုရင်တော့ လုပ်ပေးလို့ရတယ်” ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ မြန်မာ့မီးရထား၊ တောင်ကြီးဘူတာရုံပိုင်ကြီး ဦးကျော်မင်းထွန်းထံသို့
ကမ္ဘောဇတိုင်းမှ သွား ရောက်တွေ့ဆုံ မေးမြန်းရာတွင် “ရထားလမ်းကို ဖောက်လုပ်တယ်ဆိုတာ နိုင်ငံတော်အဆင့်နဲ့
ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ရထားသွားလာရေးကိစ္စတွေကို ဆောင်ရွက်ရတဲ့
ဆောင်ရွက်ဖို့အတွက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းဖြစ်ပါတယ်။ ဒီဘူတာကနေတော့ တောင်ကြီး-ဆိုက်ခေါင်
ခရီးစဉ်ကိုပဲ ပြေးဆွဲနေပါတယ်။ လောလောဆယ် ကတော့ COVID-19 ကာလဖြစ်တဲ့အတွက် ရထားခရီးစဉ်
ခေတ္တ ရပ်နားထားပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
အဆိုပါ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ (၁၃) အတွင်းရှိ ပုလဲလမ်း၊
ဥဿဖျားလမ်း၊ သန္တာလမ်းတို့ကို ရပ်ကွက်နေ ပြည်သူများမှ ကိုယ်ထူ ကိုယ်ထ
ပြုပြင်ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ပုလဲလမ်းမှာ အသုံးမပြုသည့် မီးရထားလမ်းကြောင့်
လမ်းပြင်ဆင် နိုင်ရေး အတွက်လည်း အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရ သည်။
.