ကိုကိုနိုင်
.
တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မိုးဦးကျကာလက
စတင် စိုက်ပျိုးခဲ့သည့် မိုးအစေ့ထုတ်ပြောင်းများကို စတင် ရိတ်သိမ်းလျက် ရှိကြောင်း
သိရသည်။
.
မိုင်းယုမြို့ရှိ ဒေသခံပြည်သူများ အနေဖြင့် နှစ်စဉ်
တန်ခူးလဆန်း သင်္ကြန် မိုးဦးကျသည်နှင့် အစေ့ထုတ် ပြောင်း စတင် စိုက်ပျိုးလျက်ရှိရာ
ယခုနှစ်တွင် ငမြှောင်တောင်ပိုး ကျရောက်ခြင်း မရှိသဖြင့် ပြောင်းများ ဖြစ်ထွန်းအောင်မြင်နေပြီး
အထွက် နှုန်းကောင်းမွန်ကြောင်း သိရသည်။
.
မိုင်းယုတွင် စိုက်ပျိုးသည့် အစေ့ထုတ်ပြောင်း
မျိုးများမှာ CP-888၊ ယိုးဒယား 288၊ F-888၊ နှင့် CP-222 မျိုးများ ဖြစ်ပြီး ၎င်းမျိုးများမှာ
ဖူးတံရှည်ကာ အဖူး ထွက်လုံသည့်အတွက် မိုးကာလတွင် စိုက်ပျိုးပါက မိုးဒဏ် ခံနိုင်ပြီး
အထွက်နှုန်း ပိုကောင်း၍ တောင်သူများ ကြိုက်နှစ်သက်သည့် ပြောင်းမျိုးစေ့များ ဖြစ်ကြောင်း
သိရသည်။
.
အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီ
ဟူ၍ တစ်နှစ်လျှင် ၂ ရာသီ စိုက်ပျိုးလျက်ရှိပြီးသ င်္ကြန် မိုးဦးတွင် စိုက်ပျိုးထားသည့်
အစေ့ထုတ်ပြောင်းများကို ယခုအခါ ဒေသခံများက စတင် ဆွတ်ခူးရိတ်သိမ်းနေပြီ ဖြစ်ကြောင်း
မိုင်းယုမြို့စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုးမင်းဦးကျော်ထံက သိရသည်။
.
“ဒီနှစ် မိုင်းယုမှာ မိုးအစေ့ထုတ် ပြောင်း ၂၂၅၇
ဧက စိုက်ပျိုးထားပြီး တစ်ဧက ၈၂ တင်း ထွက်ရှိဖို့ မျှော်လင့် ထားပါတယ်။ မိုးအစေ့ထုတ်ပြောင်း
အခြောက် တစ်ကီလိုကို ၄၀၀ ကျပ် လောက်ရမယ်လို့ ခန့်မှန်းထားပါ တယ်”ဟု မိုင်းယုမြို့ လယ်ယာမြေစီ
မံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြတ်စေမင်းက ပြောသည်။
.
အဆိုပါ အစေ့ထုတ်ပြောင်းများကို အိမ်မွေးတိရစ္ဆာန်အစာ
အတွက် သာမက နယ်စပ်ဒေသဖြစ်၍ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချပြီး မိသားစုအပိုဝင်ငွေ
ရရှိနိုင်သည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ် ပြောင်းကို များစွာ စိုက်ပျိုး လျက်ရှိရာ
မိုင်းယုတွင် မိုးအစေ့ ထုတ်ပြောင်း စိုက်ပျိုးမှု ဖြစ်ထွန်း အောင်မြင်လျက် ရှိသည်။