နန်းထက်ထက် .
ကျိုင်းတုံမြို့တွင် လက်ကိုင်ဖုန်းများအား ဖောက်ထွင်း ခိုးယူသည့် အမျိုးသမီးကို ဩဂုတ်လ ၁၇ ရက်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
.
လက်ကိုင်ဖုန်းများအား ဖောက်ထွင်း ခိုးယူသည့် အမျိုးသမီးမှာ ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)နေ အသက် ၂၀ နှစ်အရွယ် မနန်းသမ်း ဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းက ကျိုင်းတုံမြို့မစျေးရှိ ဦးစိုင်းလုံးစံ ပိုင်ဆိုင်သည့် ဖုန်း ရောင်းဝယ် ပြုပြင်ရေး ဆိုင်ခန်း၌ ကာရံထားသည့် သွပ်ပြားများကို ခွါ၍ ငွေကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိ လက်ကိုင်ဖုန်း ၇ လုံးကို ဖောက်ထွင်း ခိုးယူခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မနန်းသမ်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၃၄၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.