တရားမ၀င် အွန်လိုင်းငါးစ်ဂိမ်း လောင်းကစား ပြုလုပ်သူများအား အရေးယူပေးရန် ဒေသခံများ လိုလားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရားမ၀င် အွန်လိုင်းငါးစ်ဂိမ်း လောင်းကစား ပြုလုပ်သူများအား အရေးယူပေးရန် ဒေသခံများ လိုလားနေ


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ တရားမဝင် အွန်လိုင်းငါးပစ် လောင်းကစားဂိမ်း ပြုလုပ်သူများ အား ဥပဒေအရ အရေးယူပေးရန် လိုလားလျက်ရှိကြောင်း ဒေသခံများထံ က သိရသည်။
.

.
"အရင်က ငါးပစ်ခုံဖွင့်ထားတဲ့ ဆိုင်တွေမှာ သွားဆော့ကြတာ။ အခု နောက်ပိုင်း ပိုက်ဆံနဲ့ အမှတ်ဝယ် ဆော့ရတာမျိုး မဟုတ်ဘဲ အကြွေစေ့ နဲ့ အမှတ်ဝယ်ဆော့ရတဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်ထားတဲ့ ဂိမ်း ရုံတွေ လောက်ပဲ ရှိတော့တယ်။ အခုအွန်လိုင်း လောင်းကစားတွေ လူမှု ကွန်ရက်ပေါ်မှာ ခေတ်စားနေတယ်။ ဒီအွန်လိုင်း ငါးပစ်ဂိမ်းပဲဆော့ နေကြတော့ အလုပ်အကိုင်ပျက်ပြီး စီးပွား ရေး ကျလာတဲ့အပြင် အိမ်ထောင်ရေး ပါ ထိခိုက်လာတွေ တွေ့နေရတယ်။ ဒါက တရားမဝင် လောင်းကစားပါ ပဲ။ သက်ဆိုင်ရာက ဥပဒေအရ အ ရေးယူမှ ဒီလောင်းကစားတွေမရှိ တော့မှာပါ။ ဒါကြောင့် တည်ဆဲ ဥပ ဒေနဲ့အညီ ဖမ်းဆီးအရေးယူ ပေးစေ ချင်ပါတယ်” ဟု တောင်ကြီးဒေသခံ မအေးအေးစန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အွန်လိုင်းလောင်းကစား မှုများအား အရေးယူပေးနိုင်မှု အခြေ အနေနှင့် ပတ်သက်၍ တောင်ကြီးမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်၏ လက်ကိုင်ဖုန်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ဖုန်းမှား နေပါတယ်”ဟုသာ ပြန်လည် ဖြေ ကြားခဲ့သည်။
.
တခြားမြို့တွေတော့ ဘယ်လို အခြေနေလဲ မပြောတက်ဘူး။ တောင် ကြီးမှာတော့ လောင်းကစားဒိုင်တွေ က လိုင်းကြေးပေးပြီး နားလည်မှု ယူ ထားတဲ့သဘောနဲ့ လုပ်နေကြတာ။ ရဲကလည်း ဒိုင်ကြီးတွေကို ဖမ်း တယ်ဆိုတာ မရှိဘူး။ ကိုယ်စား လှယ် ဒိုင်ငယ်တွေနဲ့လောင်းကစား လုပ်တဲ့သူတွေပဲ ဖမ်းတာပါ။ တောင် ကြီးမှာလည်း အွန်လိုင်းလောင်းက စား ကိုယ်စားလှယ်ဒိုင်တွေ၊ နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံးလောင်း ကစားဒိုင် တွေ ရှိနေတာကို သိသိနဲ့ လိုင်းကြေး ယူပြီး မဖမ်းတာပါ။ အဲဒီလိုတွေလုပ် နေသရွှေ့တော့ လောင်းကစားမှုတွေ က ဘယ်တော့မှ ပျောက်မှာမ ဟုတ်ဘူး”ဟု တောင်ကြီးမြို့နေ ကို မျိုးလှိုင်ဝင်းကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အွန်လိုင်း ငါးပစ်ဂိမ်းလောင်း က စားဒိုင် ကိုယ်စားလှယ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ငါးပစ်ဂိမ်း၊ စလော့ဂိမ်း၊ ဖဲဂိမ်းနှင့် ဘောလုံးပွဲများအား ၎င်းတို့နှင့် ဆက် သွယ်ကာ အလောင်းအစား ပြုလုပ် နိုင်ကြောင်း ပေါ်ပေါ်ထင်ထင် ကြော် ငြာမှုများ ပြုလုပ်နေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ လောင်းကစား ပြုလုပ်နေ သူများကို သက်ဆိုင်ရာတာဝန်ရှိသူ များမှ ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့် အညီ အရေးယူပေး စေလိုကြောင်း ဒေသခံများက ပြောဆိုလျက် ရှိသည်။
.

Journal Download

Photo of three cats