ပထမဆုံး မြန်မာ့အွန်လိုင်း ကုန်စည်ပြပွဲကို သြဂုတ်လ ၂၄ ရက်တွင် စတင် ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပထမဆုံး မြန်မာ့အွန်လိုင်း ကုန်စည်ပြပွဲကို သြဂုတ်လ ၂၄ ရက်တွင် စတင် ကျင်းပမည်


စုလှိုင်
.
မြန်မာနိုင်ငံ၏ ထွက်ကုန်များ၊ သစ်သီးဝလံများနှင့် ရိုးရာအဝတ်အ ထည်များ ပါဝင်သော ပထမဆုံး မြန် မာ့ အွန်လိုင်း ကုန်စည်ပြပွဲကို ဩဂုတ် လ ၂၄ ရက်မှ ၃၀ ရက်အထိ အွန် လိုင်းမှတစ်ဆင့် ပြသ ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
.

.
ကုန်စည်ပြပွဲပုံစံက အွန်လိုင်း ကနေပဲ ပြရမှာပေါ့။ ပါတနာကုမ္ပဏီ တွေကနေပြီး ပေါင်းပြီး ၂၄ နာရီ ဝန် ဆောင်မှု ပေးထားမှာပါ။ ဖွင့်ပွဲလည်း အွန်လိုင်းကနေပဲ လုပ်မယ်၊ အွန်လိုင်း ကနေပဲ ပြခန်းတွေကို ကြည့်ရမှာပေါ့။ ပြဖို့ စာရင်းတင်ထားတဲ့ ကုမ္ပဏီ တွေကနေပြီး သူတို့ပစ္စည်းတွေကို အွန်လိုင်းကနေပဲ ပြရမှာပါ။ တစ် နိုင်ငံလုံး ပါပါတယ်။ ရှမ်းပြည်နယ် ကဆိုရင် အင်းထဲက ထွက်တဲ့ ကြာ ချည်တို့ လောလောဆယ် ဝင်ပြနေ ပြီ။ ကျန်တဲ့ဟာတွေကို ဖိတ်ထား တယ်။ သိပ်မပါကြသေးဘူး”ဟု ရှမ်း ပြည်နယ် စီးပွားကူးသန်းမြှင့်တင် ရေးအဖွဲ့ ပြည်နယ်တာဝန်ခံ ဦးစော ဝင်းကျော်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ အွန်လိုင်းကုန်စည် ပြ ပွဲတွင် မြန်မာနိုင်ငံ၏ ထွက်ကုန်များ ဖြစ်သော သစ်သီးဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ ဩဂဲနစ်ထွက် ကုန် များ၊ ကော်ဖီ၊ လက်ဖက်၊ ဆန် စပါး၊ ပဲအမျိုးမျိုး၊ ရေထွက်ကုန်များ၊ အ လှကုန်၊ ကျန်းမာရေးနှင့် ပတ်သက် သည့် အထောက်အကူ ပစ္စည်းများ၊ ရိုးရာ အဝတ်အထည်များကို အဓိက ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။
.
အဓိကက မြန်မာနိုင်ငံက တ ရုတ်ကိုပဲ သွားနေတာ။ COVID-19 ဖြစ်တော့ တရုတ်မှာ အဝင်/အထွက် ခက် တယ်။ ပို့ရတာခက်တော့ တချို့ လည်း Over Sea ကနေစွန့်ပြီး ပို့တာ တွေ ရှိလာတယ်။ မြောက်ပိုင်း ကိုး ကန့် လက်ဖက်ခြောက်တွေပါ ဝင်ပြ ထားတယ်။ အင်းလေး ရက္ကန်းလုပ် ငန်းတွေလည်း ဝင်ပြထားတယ်။ မြန် မာ နိုင်ငံရဲ့ ထုတ်ကုန်တွေကို ဝယ်ယူ လို့ရအောင်၊ မသိသေးတဲ့ နိုင်ငံတွေ လည်း သိအောင်လို့ပါ။ COVID- 19 ကြောင့် ထုတ်ကုန်တွေ ဈေးကွက် မ ရရှိတော့ စျေးကွက်ရရှိအောင်Online ကနေ လုပ်တာပါ။ တစ်ချို့ နိုင်ငံတွေ မှာလည်း လုပ်နေကြပြီ”ဟု ဦးစော ဝင်းကျော်က ဆက်လက်ပြော ဆိုခဲ့ သည်။
.
ယင်း အွန်လိုင်းကုန်စည်ပြပွဲသို့ ထိုင်ဝမ်မှ လုပ်ငန်းရှင်များ၊ ဗီယက် နမ်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ကိုရီး ယားနိုင်ငံ မှ လုပ်ငန်းရှင်များပူးပေါင်း ၍ ပါဝင် ပြသွားမည်ဖြစ်ပြီး ရှမ်းပြည် နယ်ထွက် သစ်သီးဝလံများ၊ ကုမ္ပဏီ များမှ ဝင်ရောက် ပြသနိုင်ပါက ပိုမို ကောင်းမွန်ပြီး COVID-19 ကြောင့် ဈေးကွက်မရသော ကုန်ပစ္စည်းများ ကို ဈေးကွက်သစ် ရရှိနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရ သည်။
.
မြန်မာ့အွန်လိုင်း ကုန်စည်ပြပွဲ (Myanmar Online Expo Park)သည် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာနမှတည်ထောင်သော Online Exhibition Platform ဖြစ် ပြီး မြန်မာ့စိုက်ပျိုးရေး အခြေခံ ဩဂဲ နစ်နှင့် သဘာဝ ထုတ်ကုန်များကို မ တူညီသောကဏ္ဍအသီးသီးမှ အပြည် ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာကုမ္ပဏီ များ၊ နိုင်ငံတကာ ဈေးကွက်တွင်းသို့ တိုးချဲ့ တင်ပို့နိုင်စေရန် ရည်ရွယ်၍ MOEP Trade Platform ကို တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။
.


Journal Download

Photo of three cats