စုလှိုင်
.
ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစခွန့်ကျေးရွာအုပ်စု၊ တောင်ထပ်အိမ်ဂူ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့် ကျောင်းသား ၅
ဦးနှင့် ဆရာမတစ်ဦးတို့ကို သီးခြားထားရှိပြီး ၎င်းတို့၏ဓါတ်ခွဲနမူနာများအား ယနေ့ ဩဂုတ်လ ၂၇ ရက်၊ ညနေပိုင်းတွင်
ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့ထားသည်ဟု သိရ သည်။
.
![]() |
Photo – Lay Nge ညောင်ရွှေသတင်းစုံ
|
.
“သူတို့နေတဲ့ ဘုန်းကြီးကျောင်းမှာပဲ Quarantine ထားထားတယ်။ သူတို့ရဲ့ ဓါတ်ခွဲနမူနာတွေကို ရယူပြီး ဒီနေ့ညနေ ၄ နာရီမှ ပို့ပါတယ်”
ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို
က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ကလေးငယ်များသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စစ်ရှောင်
၁၀ တန်းကျောင်းသား တစ်ဦးနှင့် ၇ တန်း ကျောင်းသား ၄ ဦးတို့ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား
ထပ်အိမ်ဂူကျောင်း တောင်ပေါ်ဘုရားတွင် သီးသန့်ထားရှိ၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဩဂုတ်လ ၂၇ ရက်၊
နံနက်ပိုင်းအထိ COVID-19 ရောဂါ
ဓါတ်ခွဲအတည်ပြုလူနာ ၅၈၆ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ၃၄၅
ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.