အသက် ၆၀ နှစ်အထက် ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အသက် ၆၀ နှစ်အထက် ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေး


ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တ ရား မြို့ရှိ ကျေးလက်ကျန်းမာရေးဌာန၊ နောင်တရား တိုက်နယ်ဆေးရုံတွင် အသက် ၆၀ နှစ်နှင့် အထက် ဘိုးဘွား များအား ကျန်းမာရေး စောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိ ကြောင်း သိရသည်။
.
.
ထိုသို့ ကျန်းမာရေး စောင့်ရှောက် မှုပေးရာတွင် နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာ ဝတ်ရည်ဖြိုးနှင့် ကျေးလက်ကျန်းမာ ရေးဌာနဝန်ထမ်းများ၊ မိခင်နှင့် က လေး စောင့်ရှောက်ရေးအသင်းဝင် များမှ ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်း က အဘိုးအဘွားများအား ကျန်းမာ ရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အဖိုးကတော့ အခုမှ စလာပြ တာပေါ့။ သွေးအားနည်းလို့ ခဏခဏ မူးပါတယ်။ အခုလို အဖိုးတို့အတွက် ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်ပေးတာ ဝမ်းသာပါတယ်”ဟု နောင်တရားမြို့ နေ အသက် ၆၀ ကျော် ဒေသခံ ဦး ခေါင်က ပြောသည်။
.
နောင်တရားမြို့ အတွင်းရှိ အ သက် ၆၀ နှစ်နှင့် အထက် အဘိုးအ ဘွားများအတွက် ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်တစ်ကြိမ် ကျန်းမာရေးစောင့် ရှောက်မှု ဆောင်ရွက်ပေးနေခြင်း ဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats