ခွန်အောင် (နောင်တရား)
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်
နောင်တ ရားမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ ဒေသနွားမျိုးထိန်းမျိုးပွား သ
ရုပ်ပြ မွေးမြူရေးခြံ၌ နွားမွေးမြူ ရေး လုပ်ငန်းကို စိတ်ပါဝင်စားသည့် တောင်သူများ
ဒေသနွားမျိုးကောင်းမျိုးသန့်များရရှိရေး အတွက် ဆက် သွယ် ဆောင်ရွက် နိုင်ကြောင်းသိရ
သည်။
.
.
အဆိုပါ ဒေသနွားမျိုးထိန်းမျိုး ပွား သရုပ်ပြမွေးမြူရေးခြံမှ
ဒေသနွား မျိုးရင်းများ မပျောက်ပျက်အောင် ထိန်းသိန်းရန်၊ ဒေသနွားမျိုးကောင်း
မျိုးသန့်များ ဖြန့်ဖြူးပေးရန်နှင့် စား ကျက်မြက်စိုက်ခင်းများ စိုက်ပျိုးလုပ်
ကိုင်လာစေရန်စသည့် ရည်ရွယ်ချက် များဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ခြံမှာရှိတဲ့
မျိုးကောင်းနွားသိုး ကို အသုံးပြုပြီး သဘာဝနည်းနဲ့ ဒေသ ခံ တောင်သူတွေရဲ့
နွားမတွေကို သား တင်းသားစပ်ပေးတဲ့နည်းနဲ့ ဒေသနွား မျိုးကောင်းမျိုးသန့်
ရရှိစေရေးဆောင် ရွက် နေပါတယ်။ ပင်လောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ကနေပြီးတော့ အေအိုင်ခေါ်တဲ့ မေ ထုန်မဲ့ သားစပ်ခြင်းစနစ်နဲ့လည်း ဒေသနွားများ
မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးကိုလည်း ဆောင်ရွက်နေ ပါတယ်။ နွားမွေးမြူရေးမှာ
စားကျက် မြေရှားပါးမှုကို ဖြေရှင်းနိုင်ဖို့ အ တွက် အာဟာရ ပြည့်ဝတဲ့ နေဗီယာ
ပတ်ခြောက်မြက်မျိုးနဲ့ မွန်ဗားဆား မြက်မျိုးကိုလည်း ဖြန့်ဝေပေးနေပါ တယ်” ဟု
ဒေသနွား မျိုးထိန်းမျိုးပွား သရုပ်ပြ မွေးမြူရေးခြံမှ ဦးစီးအရာရှိ
ဒေါက်တာညွန့်သိန်းက ပြောသည်။
.
ဒေသတွင်း နွားမွေးမြူရေးလုပ် ငန်း ဖွံ့ဖြိုးတိုးတက်စေရေး
အတွက် ဒေသခံ ပြည်သူများအား နွားနှင့်ပတ် သက်သည့် အခြေခံတိရစ္ဆာန် မွေးမြူ
ရေးသင်တန်း၊ တိရစ္ဆာန် အာဟာရ ဗေ ဒသင်တန်းနှင့် စားကျက်မြက်စိုက် မျိုးခြင်း
နည်းပညာသင်တန်းများကို လည်း ဖွင့်လှစ်သင်ကြား ပေးမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင် သည့်တောင်သူများသည်
ကြေးတိုး နွားသိုးမျိုးကို မွေးမြူသည့်တောင် သူများက နွားအလှ၊ အချောဖြစ်ထွန်း
မှုပေါ် မူတည်၍ အကျိုးအမြတ်များ ရရှိသည်။ ဒေသနွားမ မွေးမြူသည့် တောင်သူများလည်း
နွားမတစ် ကောင်သည် ၁၈ လ ပြည့်လျှင် သားတင် အရွယ် ရောက်ရှိပြီဖြစ်၍ တစ်နှစ်လျှင်
တစ်သားပေါက်သော ကြောင့် မျိုးကောင်းမျိုးသန့် သားတင် သားစပ်ခြင်းနည်းဖြစ်
အကျိုးအမြတ် ပိုမို ရရှိနိုင်ကြောင်း သိရသည်။
.
မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊
ဒေသနွားမျိုးထိန်းမျိုးပွား သ ရုပ်ပြမွေးမြူရေးခြံမှ နွားမွေးမြူရေး လုပ်ငန်း
လုပ်ကိုင်နေသည့် တောင် သူ ၉၀ ဦးကို နေဗီယာပတ် ခြောက် မြက်မျိုးနှင့်
မွန်ဗားဆားမြက်မျိုးများ ကို အခမဲ့ထောက်ပံ့ ပေးလျက်ရှိပြီး စားကျက်မြက် တစ်ဧကလျှင်
နွား ၁၀ ကောင်အထိ ကျွေးမွေးနိုင်ကြောင်း သိရသည်။
.
“နွား
မွေးမြူရေးအလုပ်ကို လုပ် တော့မယ်ဆိုရင် စားကျက်က အဓိက ကျပါတယ်။
နွားမွေးမြူရေးခြံကို လာ ရောက်လေ့လာရင်းနဲ့ မြက်မျိုးတွေကို လာယူတာပါ”ဟု
ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ထီဝါလီ ကျေးရွာနေ ခွန်ဇော်ဟိုက်က ပြော
သည်။
.
နွားမွေးမြူရေး လုပ်ငန်းကို စိတ်ပါဝင်စားသည့် တောင်သူများ၊
စားကျက်မြက် စိုက်ပျိုး လုပ်ကိုင်လို သူများနှင့် ဒေသနွား မျိုးကောင်းမျိုး
သန့်ရရှိလိုသူများက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒေသနွား မျိုး ထိန်းမျိုးပွား
သရုပ်ပြ မွေးမြူရေးခြံသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။
.