စောဦး (ရတနာမြေ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်(၈)၊
ဗိုလ်ချုပ်လမ်းမပေါ်တွင် ဩဂုတ်လ ၁ ရက်၊ နေ့လယ်ပိုင်းက ဆိုင်ကယ် တိမ်းမှောက်၍ လေးလုံးထိုးယာဉ် နောက်ဘီးဖြင့် ကြိတ်မိကာ အမျိုးသား
တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ယာဉ်မောင်း ဦးရွှေလှ မောင်းနှင်၍ ဗြုံးအုတ်များ
တင်ဆောင်လာသည့် လေးလုံးထိုးယာဉ်နှင့် အထွန်း မောင်းနှင်ပြီး အိုက်ပေါင်း လိုက်ပါ စီးနင်းလိုက်ပါလာသော
မော်တော်ဆိုင်ကယ်တို့သည် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်(၈)၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ
“ကျော်” စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်အနီး အကွေ့နေရာတွင် ရုတ်တရက် တွေ့ဆုံသဖြင့် ဆိုင်ကယ်မှာ
အရှိန် မထိန်းနိုင်ဘဲ ဘေးတိုက် လဲကျခဲ့ပြီးနောက် အိုက်ပေါင်း၏ ဦးခေါင်းအား လေးလုံးထိုးယာဉ်
နောက်ဘီးဖြင့် ကြိတ်မိကာ ဦးခေါင်းချိုစောင်း ကွဲအက် ဒဏ်ရာ၊ ဦးနှောက် အနည်းငယ်ထွက်၊
ဝဲလက်မောင်း ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းသေဆုံးသူ အိုက်ပေါင်း၏ ရုပ်အလောင်းအား
လူမှုကယ်ဆယ်ရေး အသင်း (နမ္မတူ)မှ လူနာတင် ယာဉ်ဖြင့် နမ္မတူဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး
ယာဉ်အား မဆင်မချင် မောင်းနှင်ကာ လူ့ အသက်ကို သေစေ၍ ဒဏ်ရာများ ရရှိစေသူ ယာဉ်မောင်းအား
နမ္မတူမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment