နမ့်စန်မြို့နယ်၊ လွယ်စန့်ကျေးရွာတွင် မြေသားလမ်းပြုပြင်ခြင်းနှင့် ဗြုန်းကျောက် ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်မြို့နယ်၊ လွယ်စန့်ကျေးရွာတွင် မြေသားလမ်းပြုပြင်ခြင်းနှင့် ဗြုန်းကျောက် ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


ငြိမ်းသူ
.
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နမ့်လစ်ကျေးရွာအုပ်စု၊ လွယ်စန့်ကျေးရွာမြေ သားလမ်း ပြုပြင်ခြင်းနှင့် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေအား ဩဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူး ဦး‌မောင်မောင်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဝင်များနှင့်အတူ မြေသားလမ်းပြုပြင်ခြင်းနှင့် ဗြုန်းကျောက် ခင်းခြင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များအား လမ်းရေရှည်တည်တံ့ ခိုင်မြဲ‌စေရေးဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းမှ ဆွေးနွေးမှာကြားခဲ့သည်ဟု သိရသည်။
.
လွယ်စန့်ကျေးရွာတွင်မြေသားလမ်းပြုပြင် ခြင်းနှင့်ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းမှာ အရှည် ၅၉၀၀ ပေ၊ အကျယ် ၁၂ ပေ ထု ၃လက်မရှိပြီး ယခုဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဇူလိုင်လအတွင်းက စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လမ်း ဆောင်ရွက်ပြီးစီးမှုကြောင့် အိမ်ခြေ ၉၇ အိမ်မှ လူဦးရေ ၄၈၈ ဦးတို့အတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats