နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အသက် ၆၀ နှင့် ၈၀ ကြား ဘိုးဘွား ၅၈ ဦးအား ထောက်ပံ့ငွေများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ အသက် ၆၀ နှင့် ၈၀ ကြား ဘိုးဘွား ၅၈ ဦးအား ထောက်ပံ့ငွေများ ပေးအပ်


စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ကြူဆော့၊ ကချင်နှင့် လီဆူတိုက်ပွဲရှောင်စခန်းများမှ အသက် ၆၀ နှင့် ၈၀ နှစ် အကြား တိုက်ပွဲရှောင် ဘိုးဘွား ၅၈ ဦးအား ယနေ့ ဩဂုတ်လ ၂၆ ရက်၊ နေ့လယ်ပိုင်းက နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ထောက်ပံ့ရာတွင် နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်နှင့် တာဝန်ရှိသူများက ကြူဆော့စခန်း၊ ကချင် စခန်းနှင့် လီဆူ စခန်းများမှ ဘိုးဘွား ၅၈ ဦးအား စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၇၄၀၀၀၀ အား ဘိုးဘွားများသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများသည် အဆိုပါ တိုက်ပွဲရှောင်စခန်း ၃ ခုရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁၂၂ စု၊ ပြည်သူ ၅၅၅ ဦးတို့အတွက် COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သော ထုံးအိတ် ၃၀ အိတ်နှင့် လက်ဆေးဆပ်ပြာခဲ ၁၁၁၀ တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats