နမ္မတူမြို့နယ်၊ ကြူဆော့တိုက်ပွဲရှောင်စခန်း၌ အခြေခံစီးပွားရေးသင်တန်းများ ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်၊ ကြူဆော့တိုက်ပွဲရှောင်စခန်း၌ အခြေခံစီးပွားရေးသင်တန်းများ ဖွင့်လှစ်


စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့တိုက်ပွဲရှောင်စခန်းတွင် ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းမှ စတင်၍ အခြေခံ စီးပွားရေးသင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
.
.
ဂရုဏာစည်းလုံးညီညွတ်ရေးအသင်းမှ ခံစားသူများ၏ အခြေခံစီးပွားရေးဆိုင်ရာ အရည်အသွေးများ မြှင့်တင်ပေးရန်၊ အကျိုးခံစားသူများ၏ မိသားစုတွင်း အပိုဝင်ငွေ ရရှိတိုးပွားလာစေရန် ရည်ရွယ်၍ အဆိုပါ သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
.
သင်တန်းတွင် ဂရုဏာစည်းလုံးညီညွတ်ရေးအသင်းမှ ဦးဖုန်းအောင် (Livelihood Technician)၊ ဦးလှဒွဲ (Field Facilitator) နှင့် ဦးတူလီ (Field Facilitator)တို့က စီးပွားရေးလုပ်ငန်းတစ်ခုရွေးချယ်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင် များ၏ စွမ်းရည်၊ ဆက်သွယ်/ဆက်ဆံရေးနှင့် ဆက်သွယ်ရေး၏ အရေးပါပုံ၊ လုပ်ငန်းမစတင်မီ လေ့လာသင်ယူရမည့် အချက်များ၊ ဈေးကွက်သုတေသနအခြေခံ၊ စီးပွားရေးစီမံကိန်း ရေးဆွဲခြင်း၊ စိန်ခေါ်မှု အခက်အခဲများ ဖော်ထုတ်ခြင်း၊ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှု၊ ထုတ်ကုန်တန်ဖိုး မြှင့်တင်ခြင်း၊ ဈေးကွက်ရှာ‌ဖွေဖော်ထုတ်ခြင်း၊  ဈေးနှုန်းသတ်မှတ် ခြင်း၊ မှတ်တမ်းပြုစုနည်း စသည့် သင်ခန်းစာများအား ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်အထိ ၃ ရက်တာ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သင်တန်းသို့ ကြူဆော့ ကြဆော့တိုက်ပွဲရှောင်စခန်းမှ သင်တန်းသား ကျား ၁ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၉ ဦး တက်ရောက် သင်ယူခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats