စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့တိုက်ပွဲရှောင်စခန်းတွင်
ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်စက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သည့် ကြူဆော့စခန်း၊ ကချင်စခန်းနှင့်
လီဆူတိုက်ပွဲရှောင်စခန်းများမှ သင်တန်းသူ ၁၂ ဦးအား ဩဂုတ်လ ၁၈ ရက်၊ ညနေပိုင်းက ကြဆော့
တိုက်ပွဲရှောင်စခန်းတွင် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (GLAD) မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်က အမှာစကား ပြောကြားခဲ့ပြီး စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့
(GLAD) ဥက္ကဌ
ဦးအောင်ဇော်ဝင်းက ထောက်ပံငွေများအား အသုံးပြုကာ မိသားစုစီးပွားရေးကို
လုပ်ဆောင်လာနိုင်စေရန်၊ ရရှိထားသော ထောက်ပံ့ငွေများအား အမှန်တစ်ကယ် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ရာတွင်အသုံးပြုရန်၊ မိသားစု၏ စီးပွားရေးလုပ်ငန်း များအား
ပိုမိုလုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးလာစေရန်၊ အမျိုးသမီးပါဝင်မှု
အားကောင်းလာစေရန်၊ စွမ်းဆောင်ရည်မြင့်တင် လာစေရန်၊ အသက်မွေးဝမ်းကျောင်း
ဖွံ့ဖြိုးမှု အသိပညာများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊
အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊
စိတ်တူကိုယ်တူ၊ ကိုယ်ထူကိုယ်ထ အဖွဲ့များ ဖြစ်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း
အထောက်အကူပြု ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ
တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ မြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှု ကော်မတီမှ
အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဌ
ဦးအောင်ဇော်ဝင်းတို့က စိမ်းလမ်းဘဝဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေ တစ်ဦးလျှင် ၂၃၀၀၀၀ကျပ်နှုန်းဖြင့်
စုစုပေါင်း သင်တန်းသူ ၁၂ ဦး အတွက် ၂၇၆၀၀၀၀ ကျပ်အား အသီးသီး လက်ဝယ်အရောက်
ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း၊ လီဆူ (IDP)စခန်းတို့မှ
အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေ ရရှိသည့် သင်တန်းသူ ၁၂ ဦးကိုယ်စား
နမ္မတူမြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှု ကော်မတီမှ အတွင်းရေးမှူး
ဦးအောင်ဆန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
.