စောဦး (ရတနာမြေ)
.
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း
၃ ခုတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများအား
ယနေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ နမ္မတူမြို့နယ်၊ ကြူဆော့တိုက်ပွဲရှောင်စခန်း၊ လီဆူတိုက်ပွဲရှောင်စခန်းနှင့်
ကချင်တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၅၅ ဦးတို့အတွက်
ထုံးအိတ် ၃၀ နှင့် ဆပ်ပြာခဲ ၁၁၀၀ တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုကို နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း နှင့် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများအား
လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment