စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၃ ခုမှ
တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၂၉ စုအား ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက နမ္မတူမြို့နယ်ဓမ္မာရုံတွင်
လူမှုဝန်ထမ်းဦးစီးဌာနမှ အခြေခစားသောက်ကုန် များဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်နှင့်
နမ္မတူမြိုန့ယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က
တိုက်ပွဲရှောင်ပြည်သူများအား လက်ဝယ်အရောက် ပေးအပ်ရာ တိုက်ပွဲရှောင် ပြည်သူများ ကိုယ်စား
နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုတွင် လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် ကြူဆော့
(IDP)စခန်းတို့ရှိ
တိုက်ပွဲရှောင် ပြည်သူအိမ်ထောင်စု ၁၂၉ စုအတွက် တစ်အိမ်ထောင်လျှင် ဆီ ၁ ပိဿာ၊ ဆား ၅၀
ကျပ်သား၊ ကုလားပဲ ၁ ပိဿာ နှုန်းဖြင့် စုစုပေါင်းဆီ ၁၂၉ ပိဿာ၊ ဆား ၆၅ ပိဿာ ၅၀ ကျပ်သား၊
ကုလားပဲ ၁၂၉ ပိဿာနှင့် ဆန်အိတ် ၈၇ အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.