စောဦး (ရတနာမြေ)
.
နမ္မတူမြို့နယ်အတွင်း မိုး အဆက် မပြတ် ရွာသွန်းမှုကြောင့်
ပန်ဟိုက် ရပ်ကွက် (၆) ဘောလုံးကွင်းရှိ ယာယီ ပျံကျဈေးတွင် မိုးရေများ ဝင်ရောက် ကာ
ရွှံ့နွံများဖြစ်ပေါ်နေပြီး ရောင်း ဝယ်ရေး အခက်အခဲများ ဖြစ်ပေါ်နေ လျက်ရှိကြောင်း
သိရသည်။
.
.
ယင်းကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍
နမ္မတူမြို့ တော် ခန်းမတွင် ဩဂုတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စား လှယ်၊
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူ/သားများ
တွေ့ဆုံခဲ့ကြကြောင်း သိရ သည်။
ထိုသို့ တွေ့ဆုံရာတွင် နမ္မတူမြို့ နယ်
ရှမ်းပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းစံဟွမ်က အမှာစ ကား ပြောကြားပြီး မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက် အောင်ဖြိုးက
လက်ရှိ ဈေးခွဲထား ခြင်းမှာ COVID-19 ရောဂါ
ကာကွယ် ထိန်းချုပ်ရေး အတွက် ဧပြီလ ၁၉ ရက်မှ စတင်ကာ ညွှန်ကြားချက်နှင့် အညီ
ဆောင်ရွက်ထားခြင်းဖြစ်ပြီး ကော်မတီမှ ဆုံးဖြတ်ထားသည့် လက်ရှိ ယာယီ
ပျံကျဈေးနေရာတွင် ရောင်းဝယ်ရေးအခက်အခဲ ဖြစ်ပေါ် နေမှုအား အဆင်ပြေစေရေးအတွက်
မြို့နယ်ကော်မတီမှ ယာယီ ပျံကျဈေး ဆောင်ရွက်ထားသည့် ဘောလုံးကွင်း ပတ်လည်တွင်
ရေမြောင်းများ တူး ဖော် ဆောင်ရွက်ပေးခြင်း၊ ယာယီပျံ ကျဈေးအတွင်း လူသွားလမ်း
ပေါ်တွင် ရွှံ့နွံများ မဖြစ်ပေါ်စေရေးအတွက် ဝါးကပ်များ ခင်းကျင်းပေးခြင်းတို့ ကို
ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ယာယီပျံကျ ဈေးသူ/သား များ တောင်းဆိုသည့်
မြတ်လေးလမ်း တွင် ဈေးရောင်းချ လိုပါကလည်း လမ်းဘေးရှိ အိမ်ရှင်များထံ ညှိနှိုင်း
ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
.
ထို့နောက် ဈေးသူ/သားများ၏ သဘောထားဆန္ဒ တောင်းခံရာ မြို့မ
ဈေးအနီး မြတ်လေးလမ်းတွင် ယာယီ ပျံကျဈေး ရွှေ့ပြောင်း ရောင်းချလိုသူ ၁၀
ဦးခန့်သာရှိပြီး ယခင် ယာယီပျံ ကျဈေးနေရာတွင် ရောင်းချလိုသူ ၁၀၅ ဦးခန့် ရှိသဖြင့်
ယခင်နေရာ တွင်သာ ယာယီပျံကျဈေး ရောင်းချ ဆောင်ရွက်ရန် သဘောတူခဲ့ပြီး ဈေး ပတ်လည်တွင်
မိုးရေ ဝင်ရောက်မှု မ ရှိစေရေးအတွက် ရေမြောင်းများတူး ဖော် ဆောင်ရွက်ပေးခြင်း၊
ဝါးကပ် ခင်းပေးခြင်း လုပ်ငန်းတို့ကို ဩဂုတ် လအတွင်း အပြီးဆောင်ရွက်သွား
မည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည် ပင် သာယာရေးဌာနမှ အမှုဆောင် အရာရှိ
ဦးသက်နိုင်ထွန်းက ဆွေး နွေးခဲ့သည်ဟု သိရသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းစံဟွမ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေးမှူး
ဦးထက်အောင်ဖြိုး၊ မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်သူထက်၊
မြို့နယ် မီးသတ်ဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး၊ မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ
အမှုဆောင် အရာရှိ ဦးသက်နိုင်ထွန်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် များ၊
ဌာနဆိုင်ရာတာဝန် ရှိသူများ နှင့် ယာယီပျံကျဈေးတွင် ဈေးရောင်း ချလျက်ရှိသော
ဈေးသူ/ဈေးသား ၁၁၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.