နမ္မတူတွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူတွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး


စောဦး (ရတနာမြေ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မ တူမြို့နယ်၊ နားကျဲကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးရာသီကာ လအတွင်း COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရဆောင် ရွက်သော မိုးစပါး (RC-CS) မျိုးစေ့ ထုတ် စိုက်ခင်းများ ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းက စနစ်တကျ စိုက် ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။\
.
.
ထိုသို့ ဆောင်ရွက်ရာတွင် နမ္မတူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ကာလအတွင်း စပါးစိုက် တောင်သူများအား ဝင်ငွေ တိုးတက် ရရှိစေခြင်းဖြင့် စားဝတ်နေရေး အ ခက်အခဲ မရှိစေရန်၊ ဒေသနေ လက် လုပ်လက်စား စိုက်ပျိုးလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေ ရန်၊ တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်း စနစ်များ ကျွမ်းကျင် တတ်မြောက် စေရန်၊ မျိုးကောင်းမျိုးသန့်များ အသုံး ပြုခြင်း၊ ဖြန့်ဝေခြင်းဖြင့် ဝင်ငွေခိုင်မာ တိုးတက်ရရှိလာစေရန်နှင့် ဒေသ တွင်း မျိုးကောင်း မျိုးသန့်စိုက်ခင်း များ တိုးတက်ဆောင်ရွက်နိုင်ရန် ရည် ရွယ်၍ နားကျဲ ကျေးရွာနေ တောင် သူ ဦးအိုက်ထွန်း၏ လယ်မြေ ၂ ဧကတွင် မျိုးကောင်းမျိုးသန့် မိုးစပါး (RC-CS) မျိုးစေ့ထုတ် ပျိုးပင်များအား ၆ တန်း လျှင် တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှ ဌာနမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက စိုက်ခင်းများသို့ ကွင်း ဆင်း၍ နည်းစနစ် မှန်စွာ စိုက်ပျိုးနိုင် စေရေး၊ နည်းပညာပိုင်းနှင့် လိုအပ် သည်များကို ပေါင်းစပ် ကူညီပေးခဲ့ ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မျိုးကောင်းမျိုးသန့် မိုးစပါး (RC-CS) မျိုးစေ့ထုတ် စိုက်ခင်း ၁၀ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats