နမ့်ဆန်မြို့ရှိ NLD ရုံး ဖွင့်လှစ်ထားသည့် နေအိမ်မှ လူ ၄ ဦးအား TNLA က ခေါ်ဆောင်သွားဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ဆန်မြို့ရှိ NLD ရုံး ဖွင့်လှစ်ထားသည့် နေအိမ်မှ လူ ၄ ဦးအား TNLA က ခေါ်ဆောင်သွားဟု ဆို

မင်းဇော်မင်
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက်ရှိ NLD ရုံး ဖွင့်လှစ်ထားသည့် နေအိမ်မှ လူ ၎ ဦးအား သြဂုတ်လ ၂၆ ရက်၊ နံနက် အစောပိုင်းတွင် TNLA လက်နက်ကိုင်များက လာရောက် ​ခေါ်ဆောင်သွားကြောင်း သိရသည်။
.

" အဲဒီလူ ၄ ဦးကို TNLA အဖွဲ့က လာခေါ်သွားတယ် ဆိုတာ မှန်တယ်လို့ သိရတယ်။" ဟု နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော် (ခ) ဦးအိုက်မိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဟိုကျက်​ကျေးရွာ အနီးတစ်ဝိုက်တွင် လှုပ်ရှားနေသည့် TNLA အဖွဲ့မှ အင်အား ၂၀ ဦးခန့်သည် သြဂုတ်လ ၂၆ ရက်၊ နံနက် ၄ နာရီခန့်တွင် NLD ရုံး ဖွင့်လှစ်ထားသည့် နေအိမ်မှ ဦးအောင်နိုင်၊ ဦးစံအေး၊ ဦးကျော်ဝင်း၊ ဦးသူရနိုင် တို့ ၄ ဦးကို လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦး​ဝင်း​ကျော်ထံမှ သိရသည်။
.
အဆိုပါ လက်နက်ကိုင်များ၏ ​ခေါ်​ဆောင်ခြင်း ခံရသည့် ၄ ဦးအနက် ဦးအောင်နိုင်နှင့် ဦးသူရနိုင်မှာ သားအဖ တော်စပ်ကာ ဦးစံအေးနှင့် ဦးကျော်ဝင်းတို့မှာလည်း သားအဖ တော်စပ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ TNLA အဖွဲ့မှ ဗိုလ်မှူး မိုင်းအိုက်ကျော်အား ဆက်သွယ် ​​​​မေးမြန်းရာတွင် " ခုထိတော့ အဲဒီကိစ္စ မသိရသေးပါဘူး၊" ဟု ဖြေကြားခဲ့သည်။
.
နမ်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်တွင် စုစုပေါင်း အိမ်ခြေ ၂၁၁ အိမ်၊ အိမ်ထောင်စု ၂၁၆ စု၊ ကျား ၃၂၆ ဦး၊ မ ၃၈၇ ဦး၊ ပေါင်း ၇၁၃ ဦး နေထိုင်ကြောင်း ​အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

Journal Download

Photo of three cats