ညဈေးတန်း ဖွင့်လှစ်ရောင်းချခွင့်ရသဖြင့် ဈေးသည်များ လူမှုစီးပွားရေး အကြပ်အတည်းများ အထိုက်အလျောက် လျော့ကျလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညဈေးတန်း ဖွင့်လှစ်ရောင်းချခွင့်ရသဖြင့် ဈေးသည်များ လူမှုစီးပွားရေး အကြပ်အတည်းများ အထိုက်အလျောက် လျော့ကျလာ


မင်းမင်း
.
တောင်ကြီးမြို့၊ မြို့မဈေးအနီး ရှိ ညဈေးတန်းအား COVID-19 ကူး စက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေး ကာလအတွင်း ပိတ်ထားခဲ့ပြီး နောက် ယခုအခါ ပြန်လည်ရောင်းချ ခွင့်ရသဖြင့် ဈေးသည်များ ကြုံတွေ့ နေရသည့် လူမှုစီးပွားရေးအကြပ် အ တည်းများ အထိုက်အလျောက် လျော့ ကျလာသည်ဟု ဈေးသည်များထံက သိရသည်။
.
.
“COVID-19 ကူးစက်ရောဂါကို ပြည်ပပြန်တွေဆီကနေ စတွေ့တဲ့ အ ချိန်ကစပြီး ၃ လကျော်လောက် ဈေး တွေရော၊ ညဈေးတွေရော အကုန် ပိတ်ထားရတယ်။ ယာယီဈေးက လည်း ပျံကျနဲ့ နေ့ဈေးသမားတွေပဲ ရောင်းရတယ်။ ညဈေးတန်း တစ်ခု လုံး ၃ လ လောက် ပိတ်ထားရတော့ အခက်အခဲ အကြပ်အတည်းတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်ဆိုရင် သူများ ဆီမှာ နေ့စားအလုပ် လိုက်ဆင်းပြီး မိသားစုအကြပ် အတည်းကို ဖြေရှင်း ခဲ့ရတယ်။ အခုလို ညဈေးတန်းပြန် ဖွင့်ခွင့် ရတော့ ဒီကဈေးသည်တွေ အားလုံး ကြုံတွေ့နေရတဲ့ လူမှုစီးပွား အကြပ်အတည်းတွေ လျော့လာ တယ်။ အရင်လိုတော့ ပုံမှန်မဖြစ် သေးပေမဲ့ အထိုက်အလျောက်တော့ ပြေလည်လာတာပေါ့” ဟု တောင်ကြီး မြို့၊ ညဈေးတန်းအတွင်း ဈေးရောင်း ချသူ ဦးဝင်းလှိုင်က ပြောသည်။
.
အဆိုပါ မြို့မစျေးအနီးရှိ ည စျေးမှ စျေးသည်အများစုမှာ အစား အသောက်ရောင်းချသူများ ဖြစ်သဖြင့် ရပ်ကွက် အလိုက်သတ်မှတ် ပေးထား သည့် ယာယီဈေးများ၌ ရောင်းချ၍ မရသည့်အပြင် ယင်း စျေးသည်များ အတွက် ယာယီ ညဈေးအဖြစ် နေရာ သတ်မှတ်ပေးခြင်း မရှိသောကြောင့် လုပ်ငန်းများရပ်နားခဲ့ရသည့် ၃ လ ကျော် ကာလအတွင်း ၎င်း ညစျေးရှိ စျေးသည်များ အနေဖြင့် လူမှုစီးပွားရေးအကြပ်တည်းများနှင့် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ညဈေးတန်းက ဈေးသည်တွေ ဆိုင်ပိတ်ထားရတာ ၃ လကျော် ကြာ ခဲ့တဲ့အတွက် စားဝတ်နေရေး အပြင် အခက်ခဲ အမျိုးမျိုး နဲ့ကြုံခဲ့ရတယ်။ အခုလို ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလ ဖြစ်ပေမဲ့လို့ ရှမ်းပြည်နယ်မှာ ရောဂါကူးစက်မှု မ ရှိတော့တဲ့အပြင် ရောဂါပိုးကူးစက်ခံ ထားရတဲ့လူ နည်းပြီး အကုန်လုံးသက် သာပျောက်ကင်းသွားလို့ ဒီ နာရီစင် ည ဈေးတန်းကို ဖွင့်ခွင့်ပြုတယ်လို့ထင် တယ်။ ဒီရောဂါ ကပ်ဆိုးရဲ့နောက် ဆက်တွဲအနေနဲ့ ဈေးသည်တွေ ကြုံ ခဲ့တဲ့ လူမှုစီးပွား အကြပ်တည်းတွေ က အရင်ဈေးနားထား ရတဲ့အချိန်နဲ့ စာရင် လျော့လာတာပေါ့” ဟု တောင် ကြီးမြို့၊ ညဈေးတန်း ကော်မတီအ ဖွဲ့ဝင် ဦးကျောင်းက ပြောသည်။
.
အဆိုပါ တောင်ကြီးမြို့၊ မြို့မဈေး အနီးရှိ ညဈေးအား COVID-19 ကူး စက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစည်းဝေးဆုံးဖြတ်ချက်အရ ဇူလိုင် လ ၁၂ ရက်က ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ညဈေး အတွင်းရှိ ဆိုင်ခန်း ၆၈ ခန်း အနက် တစ်ညလျှင် ၃၄ ခန်းနှုန်းဖြင့် ညစဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချခွင့် ပြုထားခြင်းဖြစ် ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မြို့မစျေးအနီးရှိ ည ဈေးအား အလှည့်ကျ စနစ်ဖြင့် ပြန် လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်မှာ အချိန် တစ်လ ခန့်ရှိ ပြီဖြစ်သော်လည်း ပြည်နယ် အားကစားကွင်း ရှေ့ရှိ Night-38 ညဈေးမှာ  စာသင်ကျောင်း များအနီး၌ တည်ရှိသည့် အတွက် ပြန် လည် ဖွင့်လှစ်ခွင့် မပြုသေးကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာယာရေး ကော်မတီဈေး များ ဖြစ်သည့် မြို့မဈေး၊ စဝ်စံထွန်း ဈေး၊ နှင့် အမှတ် (၅) အသားငါး ဈေး တို့ရှိ စျေးဆိုင်ခန်းများအား ဇွန်လ ၁ ရက်တွင် COVID-19 ကူးစက် ရော ဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ် ခွင့်ပြုခဲ့ပြီး ၎င်းစျေးများရှိ ပျံကျဈေး သည်များမှာ သတ်မှတ်ပေးထားသည့် ရပ်ကွက် အလိုက် ယာယီစျေးများ တွင်သာ လက်ရှိ အချိန်ထိဆက်လက် ရောင်း ချနေရဆဲဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats