စိုင်းသိင်္ခသူ
.
မြန်မာနိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး
စသည့်လုပ် ငန်းများ ဆောင်ရွက်နေ သည့် လူမှုရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ NGO၊ INGO များနှင့်
အရပ်ဘက်အဖွဲ့အစည်းများ စသည့် အကျိုးအမြတ်မယူသောအဖွဲ့ အစည်းများအား အခွန်ထမ်း
မှတ်ပုံ တင်ခြင်းနှင့် အသိအမှတ်ပြုခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စီမံ
ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာ နက ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်
ကြေညာခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ လုပ်ထုံးလုပ်နည်း များ သည် လာမည့် အောက်တိုဘာလ ၁
ရက်မှ စတင်၍ အသက်ဝင်မည်ဖြစ်ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု များအား
ငွေကြေးထောက်ပံ့ခြင်းကို တားဆီးနိုင်ရန်နှင့် ဝင်ငွေစီးကြောင်း ကို စိစစ် နိုင်ရန်
အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့
မြန်မာနိုင်ငံကို ပထမအဆင့် စွပ်စွဲချက် ၉၉ ချက်ထဲ ကနေ အဆင့် ၄ ဆင့်နဲ့
စွပ်စွဲပါတယ်။ အဲဒီမှာ အကြိတ်အနယ် ဆွေးနွေးပြီး တော့ မြန်မာနိုင်ငံက ပျော့ညံ့တဲ့
အဖွဲ့ အစည်းဆိုပြီး အချက်ပေါင်း ၁၂ ချက် နဲ့ သတ်မှတ်ပေးပါတယ်။ မြန်မာနိုင် ငံမှာ
ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေး လုပ်ငန်းက
အလွန် အားနည်း တယ်ဆိုပြီး ဖိအားပေးတာပါ။ အထူး သဖြင့် ကျွန်တော်တို့
မြန်မာနိုင်ငံမှာ လာရောက်ပြီး လုပ်ကိုင်ကြတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းများ၊
ပြည်တွင်း အဖွဲ့အစည်းများ၊ NGO၊ INGO နဲ့ CSO များကို Source of Fund ဘယ်လို ရောက်လာသလဲ
ဆိုတာ မှတ်တမ်း တင်ထားလားဆိုတာ ဆွေးနွေးပါ တယ်။ အကြိတ်အနယ် ဆွေးနွေး ပြီး တော့
ပြည်ထဲရေး၊ စီးပွားကူးသန်း၊ ဗဟိုဘဏ် ဌာနတွေ အားလုံး စုပြီး ဆောင်
ရွက်လျက်ရှိပါတယ်။ ကျန်တဲ့ ၁၂ ချက်ကို ကြိုးစားဖြေရှင်း လျက်ရှိ ပါတယ်”ဟု
ပြည်ထောင်စုဝန်ကြီး ဦး စိုးဝင်းက ယခုလအတွင်းက ဒုတိယ သမ္မတနှင့်
လုပ်ငန်းရှင်များတွေ့ဆုံ ပွဲ တွင် ပြောကြားခဲ့သည်။
.
NGO၊ INGO၊ CSO
များသည် အ ကျိုးအမြတ် မယူသည့် အဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ဝင်ငွေနှင့်အသုံး စ ရိတ်ဆိုင်ရာ
စာရင်းများ၊ အမှတ်အ သားများကို အခွန်ဆိုင်ရာစီမံ အုပ်ချုပ် မှုဥပဒေ ပုဒ်မ ၂၀
နှင့်အညီ ထိန်းသိမ်း ခြင်း၊ ကြေညာလွှာ တင်သွင်းခြင်းများ ဖြင့် တည်ဆဲအခွန်
ဥပဒေများကို လိုက်နာရန် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ရခြင်းမှာ
မြန်မာနိုင်ငံကို EU က ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ် မြင့်မားသည့်
နိုင်ငံစာရင်းသို့ ထည့် သွင်းလိုက်ခြင်း၏ အကျိုးဆက်များ ကြောင့် ဖြစ်ကြောင်း၊ Asia Pacific Group က အချက်ပေါင်း ၉၉ ချက်နှင့် စွပ်စွဲခဲ့ပြီး
မြန်မာနိုင်ငံ၏ ဖြေရှင်းမှုအ ရ နောက်ဆုံးတွင် အချက် ပေါင်း ၁၂ ချက်ဖြင့်
ပျော့ညံ့သည့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့ကြောင့် NGO၊ INGO၊ CSO
စ သည့် အဖွဲ့အစည်းများ အနေဖြင့် မိမိ တို့၏ ဝင်ငွေလမ်းကြောင်းများတွင်
သုံးစွဲမှုများကို ထိန်းသိမ်းထားရမည် ဖြစ်ပြီး ငွေကြေးခဝါချ ခြင်းနှင့် အ
ကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု များ ဆောင်ရွက်နေကြာင်း စစ်ဆေး တွေ့ရှိရပါက
တည်ဆဲဥပဒေများ နှင့် အညီ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment