အသေးစား ဓါတ်အားလိုင်းစနစ် မီးလင်းရေး လုပ်ငန်းဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, August 20, 2020

အသေးစား ဓါတ်အားလိုင်းစနစ် မီးလင်းရေး လုပ်ငန်းဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး


နန်းထက်ထက်
.
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေမှ ဆောင်ရွက်သည့် အသေး စား ဓါတ်အားလိုင်းစနစ်ဖြင့် မီးလင်း ရေးလုပ်ငန်း ဆောင်ရွက်မှုများ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
.

.
ရှမ်းပြည်နယ် အတွင်း အသေး စားဓါတ်အားလိုင်းစနစ်ဖြင့် မီးလင်း ရေး ဆောင်ရွက်ခဲ့သည့် မြို့နယ်များ မှာ ဖယ်ခုံ၊ ဆီဆိုင်၊ ကျိုင်းတုံမြို့နယ် များဖြစ်ပြီး အိမ်ခြေစုစုပေါင်း ၄၀၂ အနက် အိမ်ခြေ ၃၈၁ တွင် မီးလင်းခဲ့ ပြီဖြစ်ကြောင်း သိရသည်။
.
မဟာဓါတ်အားလိုင်းနဲ့ ဝေးတဲ့ နေရာတွေ၊ မီးမရနိုင်တဲ့ နေရာတွေ အ တွက် အစိုးရ၊ ပြည်သူနဲ့ ကုမ္ပဏီတို့ ပူးပေါင်းပြီး လုပ်ဆောင်ပေးတာပါ” ဟု ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက် ထောက် ညွှန်ကြားရေးမှူး ဦးညွန့် ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ၏ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရေး အတွက် အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်း (NEP) အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှ စာတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုပြီး မဟာဓါတ်အား လိုင်းပြင်ပ မီးလင်းရေးလုပ်ငန်းများ ကို တစ်အိမ်သုံး ဆိုလာစနစ်နှင့် အသေးစား ဓါတ်အား စနစ်တို့ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
လျှပ်စစ်ဓါတ်အား အပြည့်အဝ ရရှိခြင်းဖြင့် ဒေသအတွက် လူမှုဘဝ အခြေအနေ တိုးတက်ကောင်း မွန်လာ ကြောင်းနှင့် ကျေးရွာလျှပ်စစ် ကော်မ တီမှ ပိုင်ဆိုင်ကြီးကြပ်ခန့် ခွဲသည့် အ သေးစား လျှပ်စစ်ဓါတ်အားလိုင်းစနစ် သည် မြန်မာ့ကျေးလက်နှင့် အသင့် လျော်ဆုံးဖြစ်ကြောင်း အာဆီယံ သု တေသန စာတမ်းတွင် ဖော်ပြထား သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About