မိုင်းယုတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နှင်းသီးများ လှိုင်လှိုင်ပေါ်၍ မိသားစု အပို၀င်ငွေ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နှင်းသီးများ လှိုင်လှိုင်ပေါ်၍ မိသားစု အပို၀င်ငွေ ရရှိ


ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံ တိုင်းရင်းသားများ၏ နေအိမ်ခြံဝင်း များအတွင်း အရိပ်ရပင်အဖြစ် စိုက် ပျိုးထားသည့် ရာသီပေါ် နှင်းသီး (ခ) ကြောင်မျက်လုံးသီးများ လှိုင်လှိုင် ထွက်ရှိပြီး ခူးဆွတ် ရောင်းချရာမှ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင် ပြေလျက်ရှိကြောင်း သိရသည်။
.

.
နှင်းသီး(ခ)ကြောင်မျက်လုံးသီး များသည် နှစ်စဉ် မြန်မာပြက္ခဒိန် က ဆုန်လဆန်းပိုင်းမှ စတင် ဖူးပွင့်၍ အသီးလိုက်ပြီး ၃ လအကြာ ဝါဆိုလတွင် ရင့်မှည့်၍ ခူးဆွတ် စားသုံး နိုင်ကာ အခိုင်အတွဲလိုက် သီးသည့် အပင်ကြီးမျိုး ဖြစ်ကြောင်း သိရသည်။
.
နှင်းသီး အပင်များကို နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးထား ခြင်းဖြင့် အရိပ်ရသည့်အပြင် အသီးထွက်လျှင်လည်း တစ်ဘက် တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိကြောင်း နှင်းသီး ရောင်းချသည့် မိုင်းယုဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းနှင်းသီး (ခ) ကြောင်မျက်လုံး အမှည့်ကို အသင့်အတင့် စည်း ကာ အသီးပေါ် စချိန်တွင် တစ်စီးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်း ချရပြီး အသီးလှိုင်လှိုင်ထွက် ချိန်တွင် တစ်စီး ၁၀၀ မှ ၂၀၀ ကျပ် အကြား ရောင်းချရကြောင်း သိရသည်။
.

Journal Download

Photo of three cats