မိုင်းယောင်းတွင် အသွားအလာကန့်သတ်ကာလ ၂၁ ရက် နေထိုင်ပြီးသည့် နေရပ်ပြန် ၄ ဦးကို နေအိမ်ပြန်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် အသွားအလာကန့်သတ်ကာလ ၂၁ ရက် နေထိုင်ပြီးသည့် နေရပ်ပြန် ၄ ဦးကို နေအိမ်ပြန်ခွင့်ပြု


အားချာ
.
ထိုင်းနိုင်ငံမှ ပြန်လာပြီး မိုင်းယောင်းမြို့နယ် အားကစားရုံရှိ Facilities Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုကာလ ၂၁ ရက် နေထိုင်ပြီးသည့် နေရပ်ပြန် ၄ ဦးကို ဩဂုတ်လ ၂၅ ရက်၊ ညနေပိုင်းက နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ နေအိမ်သို့ ပြန်ခွင့်ရသူ ၄ ဦးအား မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဌာနခွဲစာရေးကြီး ဦးသိန်းစိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခမ်းလုံနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ကျန်းမာရေးထောက်ခံချက် ပေးအပ်ခဲ့ကြပြီး နေအိမ်တွင် Home Quarantine ၇ ရက် ထပ်မံ နေထိုင်ရမည်ဖြစ်ကြောင်း နှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း လိုက်နာနေထိုင်ရေး၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်ရေး၊ လက်ကိုမကြာခဏဆေးကြောရေးနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရမည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြကာ အုပ်ထိန်းသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရဿည်။
.
ယင်း နေအိမ်ပြန်နေထိုင်ခွင့်ရသူ ၄ ဦး၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်များကိုလည်း အမျိုးသားဓါတ်ခွဲဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်ခံရခြင်းမရှိကြောင်း ဆေးစစ်ချက်ရလဒ်များ ရရှိခဲ့ပြီးဖြစ်၍ ကျန်းမာရေးကောင်းမွန်ကြကြောင်း သိရသည်။      
.

Journal Download

Photo of three cats