စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊
မိုင်းယောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းဖက်ရိုးဖျာ
ရက် လုပ်ခြင်းများဖြင့် မိသားစုဝင်ငွေ တိုးပွား ရရှိလျက်ရှိကြောင်း သိရသည်။
.
.
ဖက်ရိုးနှီးများဖြင့် ရက်လုပ်သော ကျေးလက်ဒေသရိုးရာ
ဖက်ရိုးဖျာများကို အရွယ်အစားပေါ် မူတည်၍ ၁ဝ၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ
ရောင်းချရကြောင်း သိရသည်။
ဖက်ရိုးဖျာ ရက်လုပ်ရာတွင် အသုံးပြုသော ဖက်ရိုးများကို သဘာဝ
တောတောင် စိမ့်စမ်းနံဘေးများတွင် သွားရောက်ရှာဖွေယူရပြီး ပီနံကြိုး ဖြင့်
အနားကွပ်ခြင်းများ အဆင့်ဆင့် ဆောင်ရွက်ကာ တစ်နေ့လျှင် ရက် လုပ်သူ တစ်ဦးအနေဖြင့်
ဖက်ရိုးဖျာ ၁ ချပ်မှ ၂ ချပ်ထိ
ရက်လုပ်နိုင်ကြောင်း သိရသည်။
.
ယခုအခါ မိုင်းယောင်းတွင် ကျေးလက်နေပြည်သူများ အိမ်တွင်း
မှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေ တိုးပွား ရရှိလျက်ရှိကြောင်း သိရသည်။
.