စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ နယ်တွင် ရာသီပေါ်သီးနှံတစ်မျိုး ဖြစ်
သောဒညင်းသီးမှာ ယခုနှစ်၌အထွက် နည်းပြီး ရောင်းအား ကောင်းသော ကြောင့် ဈေးကောင်း
ရရှိလျက် ရှိ ကြောင်း သိရသည်။
.
.
“ကျွန်မတို့ မြို့မှာတော့ ဒညင်း သီးကို အတို့အမြှုပ်အဖြစ် အစိမ်းစား တယ်။
တချို့က ဟင်း ချက်စားကြတယ်။ အရင်နှစ်က ဒညင်းသီး ဖြိုင် ဖြိုင်ထွက်တော့ တစ်ပြည်ကို
၂၇၀၀ ကနေ ၃၀၀၀ ကျပ်လောက်ပဲ ရောင်းရ တယ်။ ဒီနှစ်တော့ ၃၀၀၀ ကနေ ၃၅၀၀ အထိ
ရောင်းချရပါတယ်။ တစ်နေ့ကို ၄ ပြည်လောက် အနည်း ဆုံး ရောင်းရပါတယ်”ဟု မိုင်း ယောင်း
မြို့နေ ဒညင်းသီး ရောင်းချသူ တစ်ဦး က ပြောသည်။
ထို့အတူ ဒညင်းသီး စိုက်ပျိုးသူ တစ်ဦးကလည်း “ဒီနှစ် မိုင်းယောင်း ဘက်မှာ
ဒညင်းသီး အထွက်နည်း တယ်။ ဒါပေမဲ့ ကျွန်တော်တို့ခြံက တော့ ပိုထွက်တယ်။
သီးနှံပျက်စီးမှု လည်းနည်းတယ်။ ဒီဈေးအတိုင်းဆို ရင်တော့ ဒီနှစ်အဆင်ပြေနိုင်ပါတယ်”
ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ဒညင်းသီးပင်ကို မြန်မာနိုင်ငံ အတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊
ပဲခူးတိုင်းဒေသကြီး စသည့်ဒေသများ အဓိက တွေ့မြင်နိုင်ပြီး အခြားဒေသ များတွင်လည်း
ပေါက်ရောက်ကာ စားသုံးသူအတွက် အဆိပ်အတောက် ဖြစ်စေ နိုင်သည်ဟု ဆိုသော်လည်း ဒေသတွင်း၌
စားသုံးမှု များပြားနေ ဆဲဖြစ်ကြောင်း သိရသည်။
.