စိုင်းအောင်ဇော်လင်း
.
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျ ဆုံးမြို့တစ်မြို့ဖြစ်သော
ရှမ်းပြည် နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီစာ
ကြောင်လျှာသီးများ ထွက်ပေါ်နေ လျက်ရှိရာ ရောင်းအားကောင်း၍ စျေးကောင်းရရှိပြီး ကြောင်လျှာသီး
စိုက်ပျိုးသူများ ဝင်ငွေကောင်းလျက် ရှိကြောင်း သိရသည်။
.
.
ကြောင်လျှာပင်များကို ဥယျာဉ် ခြံမြေနှင့်
အိမ်ဝိုင်းမြေများရှိ စည်းရိုး များတွင် ရာသီစာသီးနှံပင်များအဖြစ်
စိုက်ပျိုးထားကြပြီး ၃ နှစ်ကျော်တွင် အပွင့်ပွင့်၍ အသီးများကို
ဆွတ်ခူးရောင်းချစားသောက်နိုင်ကြောင်း သိ ရသည်။
အရသာ ခါးသက်သက် ပူရှိန်း ရှိန်းရှိသော ကြောင်လျှာသီးကို
မီးဖြင့် အုံစားခြင်း၊ ပြုတ်ပြီး ပါးပါးလှီး ချဉ် ဖတ်စိမ်စားခြင်း၊ ဆီချက်
ပဲမှုန့်တို့နှင့် သုပ်စားခြင်းဖြင့် အမျိုးမျိုး စားသုံးနိုင် ပြီး
တစ်တောင့်လျှင် ၁၀၀၀ ကျပ်၊ ၂ တောင့်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့်
ရောင်းချလျက်ရှိကြောင်း ဒေသခံ များထံက သိရသည်။
.