မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့်
လွဲမှားမှဒ မရှိစေရေးအတွက် ကွင်းဆင်း စိစစ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ ကွင်းဆင်းစိစစ်မှုကို မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်
၄ ခုနှင့် ကျေးရွာအုပ်စု ၂၀ အတွင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူစာရင်း
လွဲမှားမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးတို့
အတွက် ပူးပေါင်းအဖွဲ့ငယ်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဌာနဆိုင်ရာတွေ အနေနဲ့ မဲရုံ ၆၄ ရုံမှာ မဲပေးရမယ့် မဲဆန္ဒရှင်တွေစာရင်း
တစ်အိမ်တက်ဆင်း လုပ်ဆောင်နေတာပါ” ဟု မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံမြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စိစစ်ခြင်းလုပု်ငန်းကို
ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊
ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့များဖြင့်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ကွင်းဆင်းစိစစ်မှုကို ဩဂုတ်လ ၂၂ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး
စက်တင်ဘာလ ပထမပတ် အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.