မိုင်းတုံ-မိုင်းဆတ်သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံ-မိုင်းဆတ်သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ


နန်းထက်ထက်
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံ-မိုင်းဆတ်သွား ကားလမ်းတွင် ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နေ့လယ်ပိုင်းက မူးယစ်စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀ ပြားအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မူးယစ်တပ်ဖွဲ့စု (၂၄)နှင့် မိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က မိုင်းတုံ-မိုင်းဆတ်သွားကားလမ်း၊ ကျောက်တောင်အနီးတွင် ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် မိုင်းတုံဘက်မှ မိုင်းဆတ်ဘက်သို့ ကျတဲ့ ဆိုသူ မောင်းနှင့်လာသည့် Wave အမျိုးအစား နံပါတ်မပါ အဖြူရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင် ၂၀၀ ပြားပါ ၂ ထုပ်၊ စုစုပေါင်း ဆေးပြား ၄၀၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ မိုင်းတုံမြို့နယ်၊ ဟိုပန့်ကျေးရွာ အုပ်စု၊ ဟွေခါးကျေးရွာနေ ကျတဲ့ အား မိုင်းတုံမြို့မရဲစခန်းတွင် မယ (ပ)၁၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats