မိုင်းတုံတွင် တရားမဝင် ကျွန်းသစ်ခွဲသားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် တရားမဝင် ကျွန်းသစ်ခွဲသားများ ဖမ်းမိ


မင်းဇော်မင်း
.
မိုင်းတုံမြို့နယ်တွင် ဩဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းက တရားမဝင် ကျွန်းသစ်ခွဲသား ဆိုက်စုံ စုစုပေါင်းအလေးချိန် ၀ ဒသမ ၉၈၅၄ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မိုင်းတုံမြို့၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နောင်ပါရင် လုံခြုံရေးကင်းတွင် ဩဂုတ်လ ၂၀ ရက်၊ နံနက် ၇ နာရီ၊ ၁၅ မိနစ်ခန့်က မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့တွင်းမှ မိုင်းဆတ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်မောင်းသူမှာ တာချီလိတ်မြို့၊ ပါလျှံ (၂) ရပ်ကွက်၊ ရန်အောင်မြေလမ်းနေ သူရမောင်မောင်ထွန်း ဆိုသူဖြစ်ပြီး ယာဉ်ပေါ်တွင် တရားမဝင် ကျွန်းသစ်ခွဲသား ၀ ဒသမ ၉၈၅၄ တန်၊ ကာလတန်ဖိုး ၂၉၅၆၂၀ ကျပ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသော သစ်များမှာ ၁ တန်ထက် မပိုသော ကျွန်းသစ်ခွဲသားများ ဖြစ်သည့်အတွက် သစ်တောဥပဒေ ပုဒ်မ ၃၃(က)(၁)ဖြင့် မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင် ကျွန်းသစ် ခွဲသားများ သယ်ဆောင်လာသည့် ခဲရောင်ယာဉ်အား စိစစ်ရာ ယာဉ်မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats