မိုင်းတုံတွင် သူခိုးဟု စွပ်စွဲပြောဆိုရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် သူခိုးဟု စွပ်စွဲပြောဆိုရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ်


မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်၊ ညနေပိုင်းက သူခိုးဟု စွပ်စွဲပြောဆိုရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
“အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး သေဆုံးသူအလောင်းကို စစ်ဆေးနိုင်ဖို့ ဆေးရုံ သယ်လာပါတယ်။ တရားခံကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဖမ်းပြီးအပ်တာကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စု၊ ရွှေပြည်ကျော်ကျေးရွာနေ လော်လီနှင့် တစ်ရွာတည်းနေ ကျကောဘိုတို့သည် ဩဂုတ်လ ၁၁ ရက်၊ ညနေ ၅ နာရီခန့်က လောလီ၏‌ နေအိမ်တွင် အတူရှိနေစဉ် အိမ်နီးချင်းဖြစ်သူ ကျစော သည် ဓါးဦးချွန်တစ်ချောင်းကို ယူဆောင်ကာ ၎င်း၏ဇနီးဖြစ်သူအား လောလီမှ သူခိုးဟု စွပ်စွဲပြောဆိုသည်ကို မကျေနပ်သဖြင့် ခြိမ်းခြောက်စကားများကြရာ ကျစောက အနီးရှိ သစ်သားချောင်းဖြင့် လောလီကိုရိုက်ရာ လောလီ၏ခေါင်းတွင် ၁ လက်မ ခန့် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦး လုံးထွေးသတ်ပုတ်ရာမှ အနီးရှီ ကျကော်ဘိုက သူကြီးအား သွားရောက်တိုင်တန်းပြီး ပြန်အလာတွင် လောလီမှာ ထွက်ပြေးသွားပြီး ကျစောမှာ စိုးရိမ်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသဖြင့် ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကျန်းမာရေးဆရာမမှ စိုးရိမ်ဒဏ်ရာများဖြစ်သဖြင့် မိုင်းတုံဆေးရုံသို့ ပို့ဆောင်ရန်စီစဉ်နေစဉ် ကျစောမှာ ရရှိဒဏ်ရာများဖြင့် ယင်းည ၈ နာရီခွဲအချိန်တွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျစောသေဆုံးမှုမှ ကျူးလွန်သူ လောလီအား မိုင်းကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစည်သူအောင်နှင့်အဖွဲ့မှ ဖမ်းဆီးကာ မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးကိုကိုဇော်ထံ  အပ်နှံသဖြင့် သြဂုတ်လ ၁၂ ရက်တွင် မိုင်းတုံမြို့မ ရဲစခန်း၌ (ပ)၂၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats