မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ဩဂုတ်လ ၇ ရက်၊
နေ့လယ်ပိုင်း နေအိမ်ခြံဝင်းတစ်ခုအတွင်းရှိ ဈေးပစ္စည်း ဂိုဒေါင်မှ စက်သုံးဆီများ ခိုးယူသူတစ်ဦးကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
“အိမ်ရှင်က တစ်ရပ်ကွက်သားဆိုတော့ သိတယ်။ မြင်လိုက်တဲ့အချိန်
သူက ဓါးကိုင်ပြီးထွက်ပြေးသွားတာပါ။ ခိုးမှု ကျူးလွန်တတ်တဲ့သူတွေကို စောင့်ကြည့်ပြီး
ဖမ်းဆီးရမိတာပါ။ ပြစ်မှုကျူးလွန်တာနဲ့ ဖမ်းမိအောင် လုပ်ဆောင်နေ ပါတယ်။ ဒါမှ တရားဥပဒေစိုးမိုးပြီး
ရပ်ရွာအေးချမ်းသာယာမှာပါ” ဟု မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးကိုကိုဇော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေ ဦးစိုင်း (အမည်လွှဲ) သည် ပြီးခဲ့သည့်
ဩဂုတ်လ ၂၀ ရက်၊ ည ၈ နာရီအချိန်ခန့်က နေအိမ်၌ ရှိနေစဉ် နေအိမ်အတွင်းရှိ ဈေးပစ္စည်းဂိုဒေါင်ဘက်မှ
တံခါးဖွင့်သံကြား၍ သွားရောက်ကြည့်ရှုစစ်ဆေးရာ တစ်ရပ်ကွက် တည်းနေ သားငယ် (ခ) မင်းဇော်သိန်း
ဆိုသူသည် ဓါးတစ်ချောင်းကိုင်လျက် ထွက်ပြေးသွားသည်ကို တွေ့မြင်ရပြီး ဂိုဒေါင် ခြံစည်းရိုးအနီးတွင်
ဓါတ်ဆီ ၅ လီတာစီပါ ပလတ်စတစ်ပုံး ၂ ပုံး၊ ဒီဇယ် ၅ လီတာ စီပါ ၂ ပုံး၊ အဖြူရောင် ဆာလာအိတ်အတွင်း
ထည့်ထားသည့် ကားဆီပန့်အဟောင်း တစ်ခု၊ စုစပေါင်း ကာလတန်ဖိုး ၃၅၀၀၀ ကျပ်ကို ခိုးယူရန်
ကြံစည်းခြင်းဖြစ်ကြောင်း သိရသဖြင့် ဦးစိုင်း (အမည်လွှဲ) မှ သားငယ် (ခ) မင်းဇော်သိန်းအား
မိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စက်သုံးဆီများအား ခိုးယူရန် ကြံစည်သူ သားငယ် (ခ) မင်းဇော်သိန်းအား
မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.