စိုင်းသိင်္ခသူ
.
မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာအုပ်စု၊ (၁၈) မိုင်ကျေးရွာတွင်
ဩဂုတ်လ ၂၀ ရက်၊ ညနေပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား ဩဂုတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျတီကျေးရွာအုပ်စု၊ (၁၈) မိုင်ကျေးရွာနေ ကျတိသည် ဩဂုတ်လ ၂၀ ရက်၊
ညနေပိုင်းက ၎င်း၏ နေအိမ် မီးဖိုခန်းတွင် မိုင်းတုံမြို့နယ်နေ ဦးကျဖူးနှင့်အတူ မီးလှုံနေစဉ်
ကျတိ၏ အစ်ကိုဖြစ်သူ ကျဖူလွဲ ရောက်ရှိလာပြီး ဆန်တောင်းသည့် ကိစ္စဖြင့် မကျေနပ်မှု ဖြစ်ပွားရာမှ
ကျဖူလွဲက ဦးကျဖူးအား နောက်ကျောမှ ထင်းခုတ်ဓါးဖြင့် ခုတ်သတ်၍ ထွက်ပြေး သွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါအမှုမှ လူသတ်မှု ကျူးလွန်သူ ကျဖူလွဲအား ဩဂုတ်လ ၂၁ ရက်၊
မွန်းလွဲ ၂ နာရီခွဲခန့်က မိုင်းဆတ်မြို့နယ်၊ (၁၈) မိုင်ကျေးရွာအနောက်ဘဲ တောအတွင်း သက်သေခံ အရိုးအသွား
တစ်ပေခွဲရှိ ထင်းခုတ်ဓါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ယင်းလူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူ ကျဖူလွဲအား မိုင်းဆတ်မြို့မရဲစခန်းတွင်
(ပ)၈၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၊ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.