တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့ရှိ မြန်မာ ကုန်စည်ပို့ဆောင်ရေး ဂိတ်များ အခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့ရှိ မြန်မာ ကုန်စည်ပို့ဆောင်ရေး ဂိတ်များ အခက်အခဲ ဖြစ်ပေါ်နေ


မင်းဇော်မင်း
.
မူဆယ်မြို့နယ်နှင့် နယ်နိမိတ် ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့တွင် ဖွင့်လှစ်ထား သည့် မြန်မာ ကုန်စည်ပို့ဆောင်ရေး ဂိတ်များမှာ တရုတ်နိုင်ငံမှ ထုတ်ပြန် ခဲ့သည့် စည်းကမ်းချက်များအရ ရပ် တည်ရန် အခက်အခဲ ဖြစ်ပေါ်နေရ ကြောင်း သိရသည်။
.

.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မူ ဆယ် ကုန်သည်ကြီးများ အသင်းရုံး တွင် ဩဂုတ်လ ၂၇ ရက်က ပြုလုပ်ခဲ့ သည့် ကားဂိတ်လုပ်ငန်းရှင်များ အ စည်းအဝေး ဆုံးဖြတ်ချက် ၅ ချက်ဖြင့် လုပ်ဆောင်နိုင်ရန် အုပ်ချုပ်ရေး၊ စီး ပွားရေးဆိုင်ရာ ဌာနများမှတစ်ဆင့် တင်ပြသွားမည် ဖြစ်သည်ဟု သိရ သည်။
.
“အခုလို COVID-19 ကာလ လူ ဝင်လူထွက် မလုပ်ရတဲ့ အချိန်အ တွင်းမှာ ကုန်ဂိတ်တွေကို တရုတ်နိုင် ငံသား ရှယ်ယာအများ စုပိုင်အနေနဲ့ လိုင်စင် လျှောက်ထားရမယ်။ ပြီး တော့ အချိန်ကလည်း ၁၀ ရက်ပဲ ပေးထားတယ်။ ဆွေမျိုး ပေါက်ဖော် ရင်းနှီးမှုလို့ပြောတဲ့ နှစ်နိုင်ငံ ဆက် ဆံရေးကို အခုလို လုပ်ဆောင်မယ့်အ စား နှစ်ဘက်ညှိနှိုင်းပြီး အဆင်ပြေ အောင် ဆောင်ရွက်ပေး စေချင်ပါ တယ်။ ဒါကြောင့် အစည်းအဝေးလုပ် ပြီး ရှေ့ဆက်လုပ်နိုင်မယ့် လုပ်ငန်းအ ခြေအနေတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်”ဟု မူဆယ် အဝေးပြေး ကုန်စည် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံသား အများပိုင် ကြယ်ဂေါင် အတွင်းရှိ ကုန်ဂိတ်များ အား တရုတ် နိုင်ငံသားရှယ်ယာ အ များစု ပါဝင်သည့် တရုတ်နိုင်ငံသားပိုင် ကုန်ဂိတ်များအဖြစ် လိုင်စင်ပြန်လည် လျှောက်ထားရန်နှင့် အဆိုပါလျှောက် ထားမှုအား ဩဂုတ်လ ၂၅ ရက်မှ ၁၀ ရက်အတွင်း ဆောင်ရွက်ရန်၊ အကယ်၍ မဆောင်ရွက်နိုင်ပါက ကုန်ဂိတ်များ ပိတ်သိမ်းရန်နှင့် စည်းကမ်း ချိုးဖောက်ပါက ယွမ်ငွေ ထောင်ဂဏန်းမှ သိန်းဂဏန်းအထိ ပြစ်ဒဏ်များ ချမှတ်ခံရမည် ဖြစ် ကြောင်း သိရသည်။
.
ဩဂုတ်လ ၂၇ ရက်က ပြုလုပ် ခဲ့သည့် မူဆယ် အဝေးပြေး ကုန်စည် လုပ်ငန်းရှင်များအသင်း အစည်းအ ဝေးတွင် မြန်မာနိုင်ငံသားများ အနေ ဖြင့် လိုင်စင်ချထားပေးနိုင်ရန်၊ ယခု သတ်မှတ်ချက် ၁၀ ရက်အစား နှစ်နိုင် ငံ လူဝင်လူထွက် ပြုလုပ်နိုင်မည့် အ ခြေအနေအထိ ရွှေ့ဆိုင်းပေးရန်၊ တ ရုတ်နိုင်ငံတွင် ကုန်ဂိတ်ဖွင့်လှစ်ခွင့်အ တွက် တင်သွင်းရမည့် စပေါ်ငွေအား ဖြေလျှော့ပေးနိုင်ရန်၊ ကားဂိတ်အလုပ် သမားများအား သက်ဆိုင်ရာ ဂိတ်၏ တာဝန်ခံမှုဖြင့် အလုပ်သမားများအား ထားရှိ ခွင့်ပြုနိုင်ရန်၊ တရုတ်နိုင်ငံမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ စစ်ဆေး၍ကြယ် ဂေါင်အတွင်းသို့ လူဝင်/ထွက် ခွင့်ပြု ရန် စသည့်အချက်များကို ဆုံးဖြတ်ခဲ့ ကြကြောင်း သိရသည်။
.
အကယ်၍ ညှိနှိုင်းမှု အခြေအနေ အပေါ်မူတည်၍ ကြယ်ဂေါင်အတွင်းမှ ကားဂိတ်များ မြန်မာနိုင်ငံအတွင်း  ရွှေ့ ပြောင်းနိုင်ရန် ပေါ်ပေါက်လာမှုအပေါ် ညှိနှိုင်း အစည်းအဝေး ထပ်မံလုပ် ဆောင်သွားရန် ရှိကြောင်းနှင့် မူ ဆယ်ဘက်တွင် မြေနေရာ အခက်အ ခဲများ ရှိနေသဖြင့် ညှိနှိုင်းမှုအဆင် ပြေရေး၊ကားဂိတ်နေရာများအဆင် ပြေစေရေး အတွက် ဌာနဆိုင်ရာများ နှင့်အစိုးရများမှ ကူညီပေးစေလို ကြောင်း တင်ပြသွားမည်ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ အစည်းအဝေးသို့ မူ ဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ စီးပွား/ကူးသန်းမှ လက် ထောက် ညွှန်ကြားရေးမှူး ဦးနေသူ အောင်နှင့် မူဆယ်ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဌများ၊ ကုန်ကား ဂိတ် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပြီး COVID-19 ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးဌာနသတ် မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။
.
တရုတ်နိုင်ငံ ကြယ်ဂေါင်တွင် မြန်မာနိုင်ငံမှ ကုန်ကားဂိတ် ၁၀၀ ဝန်းကျင်ခန့်ကို မြန်မာနိုင်ငံသားများ အနေဖြင့် လိုင်စင်ရယူလျှောက်ထား ဖွင့်လှစ် ထားရှိခြင်းဖြစ်ပြီး တစ်ရက် လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ကိုဗစ် ကာလတွင် ၄ သန်းအထိ ဝင် ငွေ ရရှိအောင် ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။
.

Journal Download

Photo of three cats