စိုင်းသိင်္ခသူ
.
မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် ဩဂုတ်လ ၈ ရက်က တရားမဝင်
ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၃ ဦးနှင့် အခကြေးငွေဖြင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား
တစ်ဦးတို့အား ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.
.
နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့်
မူးယစ်ဆေးဝါး ဝင်ရောက်မှုမရှိစေရေး အတွက် ရှာဖွေစစ်ဆေးနေစဉ် ဩဂုတ်လ ၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က
မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော
မော်တော်ဆိုင်ကယ်အသစ် ၄ စီးအား မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသူ
တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် ၎င်းတို့အား အခကြေးငွေဖြင့် ဥပဒေမဲ့ ခေါ်ဆောင်လာသူ
မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား
တစ်ဦး၊ ဆိုင်ကယ် ၄ စီးတို့အား ဥပဒေအရ ဆက်လက်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများသို့
လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.