မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်၊
ညနေပိုင်းက ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ မြန်မာနိုင်ငံသားများနှင့်အတူ တရားမဝင် တရုတ်နိုင်ငံသား
၂၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူဆယ်မြို့မှ လားရှိုးမြို့ဘက်အထွက် ပြည်ထောင်စုလမ်းမကြီး၊ နမ့်ပေါ်တံတားတွင်
ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသော
၁၂ ဘီးယာဉ်အား ပူးပေါင်းအဖွဲ့က သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း နိုင်ထူး၊
အောင်ကိုဝင်း၊ ဇော်နိုင်၊ ဆလိုင်းဇေရ တို့နှင့်အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား
အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
“တရုတ်နိုင်ငံသားတွေက တရုတ်ပြည်၊ ကြယ်ဂေါင်ကနေ မူဆယ်ဘက်ကို ဟိုဆောင်စက်လှေဆိပ်ကတစ်ဆင့်
တရားမဝင် ဝင်ရောက်ခဲ့တာလို့ သိရတယ်။ လဝက က အမှုဖွင့်သွားမှာပါ” ဟု မူဆယ်မြို့မှရဲစခန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိခဲ့သော တရုတ်နိုင်ငံသားများကို လကဝကအက်ဥပဒေ
ပုဒ်မ ၁၃ (၁) ဖြင့်လည်းကောင်း၊ ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသား နိုင်ထူးအား လဝကအက်ဥပဒေပုဒ်မ
၁၃ (၅) ဖြင့်လည်းကောင်း မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment