မိုင်းဆတ်တွင် ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီရုံး ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်တွင် ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီရုံး ဖွင့်လှစ်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ပုဂ္ဂလိကယာဉ်များ စ နစ်တကျ ပြေးဆွဲနိုင်ရေးအတွက် မြို့ နယ် ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေး ကော်မတီရုံးကို ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းက မိုင်းဆတ်မြို့၊ မယ်ဆွမ် မြောက်ရပ်ကွက်ရှိ စည်ပင်သာယာ မြို့မစျေး အနီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.

.
မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက ကော်မတီဝင် ၅ ဦးနဲ့ ဖွဲ့ပေးပါတယ်။ ဝန်ထမ်း ၄ ဦးကို ထပ် ခန့်ထားပါ တယ်။ ယာဉ်လိုင်းတွေ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း စနစ် တကျရှိဖို့ လုပ်ဆောင်သွားမှာဖြစ် ပါတယ်”ဟု မိုင်းဆတ်မြို့နယ် ပုဂ္ဂလိ ကယာဉ်လိုင်းများ ကြီးကြပ်ရေး ကော် မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကော်မတီ လုပ်ငန်းများကို ဩ ဂုတ်လ ၁ ရက်မှ စတင်၍ ဆောင်ရွက် နေခြင်း ဖြစ်ပြီး ခရီးသည်များ ဘေး အန္တရာယ် ကင်းရှင်းရေး၊ ကုန်စည်စီး ဆင်းမှု အဆင်ပြေချောမွေ့စေရေး၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များ၏ ဘဝ တိုးတက် စေရန် ကြံဆဆောင်ရွက်ရေး၊ ခရီး သည်နှင့် ကုန်စည်ပို့ဆောင်ခနှုန်း ထားများကို အခါအားလျော်စွာ သင့် လျော်သည့် နှုန်းထားများ သတ်မှတ် ရေး၊ မော်တော်ယာဉ် လုပ်ငန်းလုပ် ကိုင်လိုသူများနှင့် အသင်းများအား မှတ်ပုံတင်၍ နည်းဥပဒေနှင့်အညီ လုပ်ဆောင်စေရေး၊ ကွင်းဆင်းစစ် ဆေးရေး၊ ယာဉ်အသင်းနှင့် ကုန်စည် ဂိတ်များမှ သတ်မှတ် မှတ်ပုံတင်ကြေး နှင့် ဒဏ်ကြေးများ ကောက်ခံရေး  လုပ်ငန်းတာဝန်များကို ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ် အတွင်းရှိ ခ ရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်များအနေဖြင့် ခရီးစဉ်ထွက် ခွာပါက ယင်းရုံးသို့ သတင်းပို့ထွက်ခွာ ရမည် ဖြစ်ပြီး ယာဉ်စီးကြပ်ခ အဖြစ် ကားငယ် ၂၀၀၀ ကျပ်၊ ကားလတ် (၆ ဘီး) ၃၀၀၀ ကျပ်၊ ကားကြီး (၆ ဘီး) ၄၀၀၀ ကျပ်၊ ၁၀ ဘီး ၅၀၀၀ ကျပ်နှင့် ၁၂ ဘီး ၇၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကာ မြို့နယ်ပြင်ပမှ ယာဉ်များအ နေဖြင့် မြို့ဝင်ဂိတ်တွင် ဖြတ်ပိုင်းယူ ၍ အထွက်တွင် ယင်းဖြတ်ပိုင်း ပြန် လည် ပြသရမည်ဖြစ်ကြောင်း သိရ သည်။
.
ယင်း ကောက်ခံ ရရှိငွေများကို ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေး ဆွဲရေး နည်းဥပဒေ ပုဒ်မ ၂၀ အရ ဝန် ထမ်း လစာ ၁ဝ ရာခိုင်နှုန်း ဝန်ထမ်းဆု ကြေးငွေ ချီးမြှင့်မှု ၁၀ ရာခိုင်နှုန်း၊ ကော်မတီဝင်များ ဆုချီးမြှင့်ငွေ ၁၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံ စုဆောင်းမှု ၁၅ ရာခိုင်နှုန်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စည်း ကမ်း ထိန်းသိမ်းရေး အတွက် ၁၅ ရာ ခိုင်နှုန်း၊ ရုံးလုပ်ငန်းများအတွက် ၁၀ ရာခိုင်နှုန်းနှင့် အသေးသုံးစရိတ် ၁ဝ ရာခိုင်နှုန်း ခွဲဝေ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုင်းဆတ်မြို့နယ် ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းဝင်း၊ မိုင်း ဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုး အောင်နှင့် ကော်မတီဝင်များ၊ ယာဉ် လိုင်းများမှ တာဝန်ရှိသူများ ၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ်တွင် အခြေပြု ၍ အခြား မြို့နယ်များသို့ ပြေးဆွဲပေး နေသည့် ပုဂ္ဂလိကယာဉ် လိုင်း ၇လိုင်း ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats