မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ မယ်ဆွမ်
(မြောက်)ကွက် သစ်ရပ်ရှိ စည်ပင်သာယာ မြို့မဈေး ပတ်လည်တွင် ယာဉ်များ၊ လူများအ
ဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဦးအောင်မြတ်လမ်းခေါ် ဈေးပတ် လမ်း ဖောက်လုပ်ခြင်း
လုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိ ရသည်။
.
.
“တင်ဒါစနစ်နဲ့ စည်းကမ်းချက် တွေအတိုင်း ရွေးချယ်တဲ့အခါမှာ
လျှောက်ထားတဲ့ ကုမ္ပဏီ ၅ ခုထဲ က လွယ်ဆမ်ဆုံ ကုမ္ပဏီက ရသွားပါ တယ်။
ဈေးပတ်လမ်းဆိုတာထက် ဈေးနောက်ကျောကနေ လေယာဉ် ကွင်းဘက်အထိ ရောက်မယ့် ရပ်ကွက်
နောက်ကျောလမ်း၊ ဦးအောင်မြတ် လမ်းလို့လည်း ခေါ်ပါတယ်”ဟု မိုင်း ဆတ်မြို့နယ်စည်ပင်သာယာရေး
ဌာ နမှ အမှုဆောင်အရာရှိ ဦးကျော်နိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
မိုင်းဆတ်မြို့တွင် လမ်းမကြီး တစ်ခုသာရှိပြီး မြို့မဈေးရှေ့
ယင်း လမ်းမကြီး တစ်လျှောက်တွင် နံနက် ခင်းပိုင်း၌ ဈေးလာသူများ၏ ယာဉ် များ၊
ဈေးအနီးရှိ ကားဂိတ်များ ခရီး သည်အတင်အချနှင့် ကုန်အတင် အချ ရပ်နားခြင်းများကြောင့်
ယာဉ် ကြော ပိတ်ဆို့ခြင်း၊ ကျောင်းဆင်း/ တက်ချိန်များတွင် ယာဉ်ကြော ပိတ်
ဆို့ခြင်းများကြောင့် ဈေးပတ်လမ်း ဖောက်လုပ်ရခြင်း ဖြစ်ပြီး လမ်း ဖောက်လုပ်
ပြီးစီးပါက ဈေးပတ်လမ်း တွင် ယာဉ်များ ရပ်နားခွင့် ပေးသွား မည်ဖြစ်ကြောင်း ၎င်းထံက
သိရ သည်။
.
အဆိုပါ လမ်း ဖောက်လုပ်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ
ဖြည့်စွက် ရန်ပုံငွေ ကျပ်သိန်း ၄၀၀ ခွင့်ပြု ချထားပေးခဲ့ပြီး တင်ဒါစနစ်ဖြင့်
စိစစ်ရွေးချယ်ရာတွင် တင်ဒါတင် သွင်းသည့် ကုမ္ပဏီ ၅ ခုအနက် လွယ်ဆမ်ဆုံ ကုမ္ပဏီက
ကျပ်သိန်း ၃၉၀ ဖြင့် ရရှိခဲ့ခြင်းဖြစ်ကာ ဖောက် လုပ်ရမည့် လမ်းအရှည်မှာ ၁၂၀၀ ပေ၊
အကျယ် ပေ၂၀ မြေသား လမ်းဖြစ်ပြီး စက်တင်ဘာ လကုန်အပြီး ဖောက် လုပ်ရမည် ဖြစ်ကြောင်း
သိရသည်။
.
မိုင်းဆတ်မြို့တွင် အဆိုပါ စည် ပင်သာယာမြို့မဈေး
တစ်ခုသာရှိပြီး ကျန်ဈေးများမှာ ပျံကျဈေးများ ဖြစ် ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်
ရာ အချက်အလက်များအရ မြို့နယ် အတွင်း မြို့ ၂ မြို့၊ ရပ်ကွက် ၉ ရပ် ကွက်၊
ကျေးရွာအုပ်စု ၂၆ အုပ်စု၊ မြို့ နယ်လူဦးရေ တစ်သိန်းကျော်ရှိကာ
မိုင်းဆတ်မြို့ပေါ်နေ ပြည်သူများမှာ ယင်း စည်ပင်သာယာ မြို့မဈေးကြီး အတွင်း
ရောင်းဝယ် ဖောက်ကားနေ ကြခြင်း ဖြစ်ကြောင်း သိရသည်။
.