မူဆယ်မြို့နယ်တွင် ကျွန်းသစ် ၄၉ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နယ်တွင် ကျွန်းသစ် ၄၉ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၃ ရက်၊ ညနေ ၄ နာရီခွဲတွင် ကျွန်းသစ် ၄၉ တန်အား ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။
.

လုံခြုံ​ရေး တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင်ရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာ ဝါးရုံတောတွင်း ဝှက်ထားသည့် ၆ ဘီးယာဉ် ၃ စီးနှင့်အတူ ကျွန်းသစ် ၄၉ တန်ခန့်အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်​ကြောင်း တပ်မ​တော်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ သိမ်းဆည်းရမိ​သော ကျွန်းသစ်များအား တပ်မ​တော်မှ မြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats