မိုင်းဖြတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖြတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကျော် ဖမ်းမိ


ကမ္ဘောဇတိုင်း
.
တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအုပ်စု၊ တာကျောက်ကျေးရွာတွင် ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၉ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က သက်သေများနှင့်အတူ မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအုပ်စု၊ တာကျောက်ကျေးရွာနေ အိုက်နွံ(ခ)စိုင်းနွံ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များ/ကော်ဘူးတို့ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၈၅၀ ပြား၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၈၈.၅ ဒသမ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အိုက်နွံ (ခ) စိုင်းနွံ ဆိုသူအား  မိုင်းဖြတ်မြို့မ ရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats