မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ စပါးခင်းများအတွင်း ငါးသားပေါက် ၃၇၀၀၀ ကျော် စိုက်ထည့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ စပါးခင်းများအတွင်း ငါးသားပေါက် ၃၇၀၀၀ ကျော် စိုက်ထည့်


မျိုးညွန့်ရွှေ (မိုးနဲ)
.
လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ငါးသယံဇာတ တိုးပွားလာစေရေးနှင့် ဒေသခံတောင်သူများ စပါး အပြင် ငါးမွေးမြူခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာ အုပ်စုရှိ လယ် ၇၅ ဧကတွင် ဩဂုတ်လ ၂၅ ရက်၊ ညနေပိုင်းက ငါးမျိုးစိတ် ၃၇၀၀၀ ကျော် စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
.

.
ငါးမျိုးစိုက်ထည့်ပွဲတွင် ညောင်ရွှေငါးသားဖောက်စခန်းမှ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၂၅၀၀၊ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၂၅၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃၇၅၀၀ အား စပါးခင်းအတွင်းသို့ စုပေါင်း ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
.
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်စုရည်ဝင်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats