ရေတိုက်စားမှုကြောင့် မိုးနဲ နမ့်စလှိုင်ချောင်း တာရိုးကျိုးပေါက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေတိုက်စားမှုကြောင့် မိုးနဲ နမ့်စလှိုင်ချောင်း တာရိုးကျိုးပေါက်


မျိုးညွန့်ရွှေ (မိုးနဲ)
.
လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၉) အနီးရှိ နမ့်စလှိုင်ချောင်းတွင် ရေတိုက်စားမှု ကြောင့် တာရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီး တောင်သူများ စုပေါင်း၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ တာရိုး ပြန်လည်ပြင်ဆင်နေမှုကို ယနေ့ ဩဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှူး ဦးငွေလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မြို့နယ် ဆည်မြောင်းဦးစီးဌာနမှူးက တာရိုးပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သော ဝါးအလုံး ၃၀၊ ပီနံအိတ် အလုံး ၅၀၀၊ ပေ ၃၀ ပတ်လည် မိုးကာ တစ်ချပ်၊ မျှော အလုံး ၅၀၊ သွပ်ကြိုး ၂ ပိဿာတစ်ခွေတို့ကို ထောက်ပံ့ပေးအပ်ခဲ့ သည်ဟု သိရသည်။
.
အ‌ဆိုပါ တာရိုးကျိုးပေါက်မှုကြောင့်  လယ်ယာမြေများ ထိခိုက်ပျက်စီးမှုမရှိကြောင်း မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
.

Journal Download

Photo of three cats