နန်းထက်ထက်
.
မိုးမိတ်မြို့နယ်တွင် ဩဂုတ်လ ၂၉ ရက်၊ ညသန်းခေါင်အချိန်က ငွေကျပ်သိန်း
၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၉ ရက်၊ ည သန်းခေါင် (၁၂ နာရီ) အချိန်ခန့်က သက်သေများနှင့်အတူ
မိုးမိတ်မြို့နယ်၊ မိုးမိတ်-မိုးကုတ်သွားကားလမ်းတွင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ်
မိုးကုတ်မြို့ဘက်မှ မိုးမိတ်မြို့ဘက်သို့ မိုင်းရယ်မြို့နယ်၊ မန်ဖြတ်ကျေးရွာ နေ
မနီလာခိုင် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
ဆိုင်ကယ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၈၀ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
ဆက်လက်ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ မိုးမိတ်မြို့နယ်၊ ဒိုးပင်ကျေးရွာနေ
မဇင်မာအား ဩဂုတ်လ ၃၀ ရက်၊ နံနက် ၁ နာရီခန့်တွင် အဆိုပါနေရာ၌ မော်တော်ဆိုင်ကယ်နှင့်အတူ
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မိုးမိတ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.