နန်းထက်ထက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ဩဂုတ်လ ၅ ရက်က
ငွေကျပ် သိန်း ၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ
၅ ရက်က သက်သေများနှင့်အတူ မိုးမိတ်မြို့နယ်၊ မိုးမိတ်-တွင်းငယ် သွားကားလမ်းတွင်
တားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မိုးမိတ်ဘက်မှ တွင်းငယ်ဘက်သို့
သပိတ်ကျင်းမြို့နယ်၊ တောင်လယ် ကျေးရွာနေ မပန်းအိနွယ်(ခ)အိသိန်း မောင်းနှင်လာသည့် ဆိုင်ကယ်အား
စစ်ဆေးရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် သိန်း ၄၀ အား
တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မိုးမိတ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.