မောက်မယ်မြို့နယ်တွင် ဆောင်ရွက်ပြီးစီးသော ရေအားလျှပ်စစ် မီးလင်းရေးလုပ်ငန်းခွဲ လူထုစစ်ဆေးပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့နယ်တွင် ဆောင်ရွက်ပြီးစီးသော ရေအားလျှပ်စစ် မီးလင်းရေးလုပ်ငန်းခွဲ လူထုစစ်ဆေးပွဲ ပြုလုပ်


ကမ္ဘောဇတိုင်း
.
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်းအတွင်း ဆောင်ရွက်ပြီးစီးသော ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ဟိုင်းကျေးရွာ၌ ဩဂုတ်လ ၂၇ ရက်က လူထုစစ်ဆေးကြားနာပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.
လူထု၏ လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှု နှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှုအဖွဲ့များအနေနှင့် ကျေးရွာလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု သေချာစေရန်နှင့် ကျေးရွာလူထုများမှ မိမိတို့၏ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော် ပြောဆိုတတ် လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်၍ ယင်းကဲ့သို့ လူထုစစ်ဆေးကြားနာပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
ထိုသို့ ပြုလုပ်ရာတွင် COVID ကာကွယ်တားဆီးထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျ ဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအတွက် ကျေးရွာလူထုများမှ ကျေနပ်မှုမည်မျှရှိမရှိကို ရယူရန်အတွက် စစ်တမ်းစာရွက်များအား လိုက်လံဝေငှပေးခဲ့ခြင်း၊ ပြန်လည်ကောက်ယူခြင်းဖြင့် ရရှိလာသော လုပ်ငန်းစဉ်နှင့် ရလဒ် ထွက်ရှိချက် များအား ပွင့်လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ အစည်းအ​ ဝေးပွဲတွင်ချပြခြင်း ကြော်ငြာဆိုင်းပုဒ်များတွင် ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယခုဒုတိယနှစ်စက်ဝန်းတွင် ကဒူးကြီးအုပ်စု မိုက်ဟိုင်းကျေးရွာသည် လူထုဗဟိုပြုစီမံထောက်ပံ့ရန်ပုံငွေ ၁၁၉ သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ ၅၃ သိန်း စုစုပေါင်း ၁၁၇ သိန်း ဖြင့် မီးလင်းရေး(ရေအားလျှပ်စစ်) လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၁၂၀ အိမ်၊ အိမ်ထောင်စု ၁၂၃ စု နှင့် ကျေးရွာလူထု ၆၁၉ ဦးကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats