ကမ္ဘောဇတိုင်း
.
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်
ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်
လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) ရာသီစက်ဝန်းအတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် ကဒူးကြီးကျေးရွာအုပ်စု၊
ဒေါတမနှင့် နောင်လောင်း ကျေးရွာများရှိ လုပ်ငန်းခွဲများအား လူထုစစ်ဆေးပွဲကို ဩဂုတ်လ
၂၀ ရက်က အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ဆောင်ရွက်ရာတွင် လူထု၏ လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို
မြှင့်တင်ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှု နှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊
ကျေးရွာစီမံခန့်ခွဲရေးအဖွဲ့များ အနေဖြင့် ကျေးရွာလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု
သေချာစေရန်နှင့် ကျေးရွာလူထုမှ မိမိတို့၏ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော်
ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန်
ရည်ရွယ်ချက်များဖြင့် ကျင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
လူထုစစ်ဆေးပွဲကို COVID-19 ကာကွယ်တားဆီးထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ
တာဝန်ကျ ဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအတွက်
ကျေးရွာလူထုများမှ ကျေနပ်မှု ရှိ/မရှိကို ရယူရန်အတွက် စစ်တမ်း စာရွက်များအား
လိုက်လံဝေငှခြင်း၊ ပြန်လည်ကောက်ယူခြင်းဖြင့် ရရှိလာသော လုပ်ငန်းစဉ်နှင့် ရလဒ်ထွက်ရှိချက်
များအား ပွင့်လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ အစည်းအဝေးပွဲတွင်ချပြခြင်း၊
ကြော်ငြာဆိုင်းပုဒ်များတွင် ကပ်ထားပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယခုဒုတိယနှစ်စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု ဒေါ့တမနှင့်
နောင်လောင်းကျေးရွာသည် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေ ၉၈ သိန်းကျပ်နှင့်
ကျေးရွာလူထုထည့်ဝင်ငွေ ၅၅၅၀၀၀ ကျပ် စုစုပေါင်း ၁၀၃၅၅၀၀၀ ကျပ်ဖြင့် မီးလင်းရေး (ဆိုလာ)
လုပ်ငန်းအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပြီ အိမ်ခြေ ၅၅ အိမ်၊
လူဦးရေစုစုပေါင်း ၂၄၂ ဦး အကျိုးခံစားခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။
.