မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်နှင့် တရုတ်နိုင်ငံ၊
ရွှေလီမြစ်တစ်ဘက်ကမ်း၊ မန့်ဟီးရိုးမြို့ ဖိုင်ကျောင်း- နောင်ဟင်ကူးတို့ဆိပ်နေရာ
၌ မြစ်ကူးတံတား တည်ဆောက်ရေး အတွက် နယ်မြေအခြေအနေ တည် ငြိမ် အေးချမ်းပါက
ရှမ်းပြည်နယ်အ စိုးရ အဖွဲ့သို့ တင်ပြပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်
ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင်
ရှင်း လင်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် (၁၇) ကြိမ်မြောက်ပုံမှန်
အစည်း အဝေး၊ နဝမနေ့ကို ဩဂုတ်လ ၆ ရက်က ကျင်းပရာ အစည်းအဝေး တွင်
မူဆယ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ် ၏ ကြယ်ပွင့်ပြမေးခွန်း
မေးမြန်းမှုကို ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန် လည် ရှင်းလင်း ဖြေကြားခဲ့ခြင်း
ဖြစ် ကြောင်း သိရသည်။
“လက်ရှိ
အခြေအနေမှာ တရုတ် နိုင်ငံကို တစ်နေ့ ယာဉ်အစီး ၁၀၀ ခန့် ရွှေလီမြစ်ကို
နောင်ဟင်ကူးတို့ဆိပ် ကနေ ဇက်ဖြင့် ဖြတ်ကူး သွားလာ လျက် ရှိပါတယ်။ ရွှေလီ မန့်ဟီးရိုး
တံ တား တည်ဆောက် ပြီးစီးချိန်တွင် တ ရားဝင် ဂိတ်ပေါက်များ ပိုလာမည်ဖြစ် သဖြင့်
ဒေသခံပြည်သူများအတွက် မူဆယ်မြို့တွင်းမှာ ယာဉ်ကြော ပိတ် ဆို့မှု နည်းပါးနိုင်ပြီး
နယ်စပ်ကုန် သွယ်ရေး အတွက် ပိုမို အားကောင်း လာနိုင်မှာ ဖြစ်ပါတယ်။ သို့သော် လည်း
ရွှေလီမြစ်ကူး တံတားကို ယ ခု တည်ဆောက်ဖို့က နယ်မြေအခြေအ နေအရ
မဖြစ်နိုင်သေးတဲ့အတွက် နယ်မြေ အခြေအနေ တည်ငြိမ် အေးချမ်းလာသည့် အချိန်တွင် တင်ပြ
ဆောင်ရွက်သွားပါမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောဆိုခဲ့သည်။
.
ဆက်လက်ပြီး ဒုတိယဝန်ကြီးက
မန္တလေး-လားရှိုး-မြစ်ကြီးနားလမ်း၊ မိုင်တိုင်အမှတ် (၂၉၈/၅) ဖိုင်ကျောင်း
ကျေးရွာမှ ၆ ဖာလုံအကွာရှိ ရွှေလီမြစ် ကူးတံတား မန့်ဟီးရိုးသည် နောင်ဟင်
ကူးတို့ဆိပ်တွင် တည်ရှိကြောင်း၊ ရွှေ လီမြစ်တစ်ဘက်ကမ်းတွင် မန့်ဟီးရိုး သို့
ဆက်သွယ်သော နောင်ဟင်- မန့်ဟီးရိုးလမ်း အရှည် ၂ မိုင်သည် ဆောက် လုပ်ရေး ဝန်ကြီးဌာန၊
လမ်း ဦးစီး ဌာနက စီမံခန့်ခွဲသောလမ်းဖြစ် ကြောင်း၊ နောင်ဟင် ကူးတို့ဆိပ် နေ ရာသည်
နွေရာသီတွင် ရွှေလီမြစ် အ ကျယ် ပေ ၃၀၀ ခန့်၊ ရေအနက် ၈ ပေ ခန့်၊ မိုးရာသီတွင်
မြစ်အကျယ် ၅၀၀ ပေခန့်၊ ရေအနက် ၁၅ ပေခန့် ရှိပြီး ရွှေလီမြစ် တစ်ဘက်ကမ်းရှိ မန့်ဟီး
ရိုးမြို့၏ အကျယ်မှာ ၁၁ ဒသမ ၂၆ စတုရန်းမိုင် ရှိကာ ကျေးရွာ အုပ်စု ၄ စု၊
အိမ်ထောင်စု ၁၅၁၀ စု၊ လူဦးရေ ၇၈၀၅ ဦး နေထိုင်ကြောင်းနှင့် တံ တား တည်ဆောက်ရန်
လျာထားနေ ရာသည် နှစ်စဉ် ရေလမ်းကြောင်း အ ပြောင်းအလဲ ဖြစ်ပေါ်လေ့ရှိသည့် အ တွက်
တည်ဆောက်မည့် နေရာ၏ အထက်နှင့် အောက်တို့တွင် ရေလမ်း ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လမ်း များ အဆင့်မြှင့်တင် ဆောင်ရွက်ရာ တွင် လမ်းနယ်
အကျယ် ရရှိရေးအ တွက် လယ်ယာမြေနှင့် လူနေအိမ်များ နီးကပ်နေသောကြောင့် ဒေသခံများ အား
မြေယာလျော်ကြး ကိစ္စများ ဆောင်ရွက်ရန် လိုအပ်လာမည် ဖြစ် ကြောင်းလည်း ဖြည့်စွက်
ပြောဆိုခဲ့ သည်။
.
မန့်ဟီးရိုးမြို့သည် တရုတ်-မြန် မာ နယ်စပ်မျဉ်း
ဖြတ်သန်းသွားရာ မြို့တစ်မြို့ဖြစ်ပြီး တစ်မြို့ နှစ်နိုင်ငံဟု ထင်ရှားကြောင်း
သိရသည်။
.